Main menu

Background

နိုဝင်ဘာလအတွင်း မူဆယ်မှ တရုတ်သို့သစ်သီးဝလံတင်ပို့မှုအခြေအနေ

Fri, 11/20/2020 - 13:39 -- journal_editor

    မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတရုတ်နိုင်ငံသို့နေ့စဉ်သစ်သီးဝလံများတင်ပို့လျက်ရှိရာနိုဝင်ဘာလ(၁၁)ရက်နေ့မှ(၁၇)ရက်နေ့ထိ ဖရဲသီးတင်ပို့မှု(၄၅၈)စီး၊ ( ၆၇၇၃.၅) တန်နှင့် သခွားမွေး (၅)စီး၊(၅၂.၅)တန် တင်ပို့ နိုင်ခဲ့သည်။
     နိုဝင်ဘာလ ပထမပတ် ဖရဲသီးတင်ပို့မှုမှာ (၅၅၅၆.၅၀)တန်ဖြစ်ပြီး၊ နိုဝင်ဘာလ ဒုတိယပတ် ဖရဲသီးတင်ပို့မှုမှာ (၆၄၄၇.ဝဝ)တန်နှင့် သခွားမွေး (၁၄.ဝဝ)တန်ဖြစ်သဖြင့် နိုဝင်ဘာလ ဒုတိယပတ်တွင် ဖရဲသီး(၈၉၀.၅)တန်နှင့် သခွားမွေး(၁၄.ဝဝ) ပိုမိုတင်ပို့နိုင်သည်။
    ဖရဲသီးဈေးနှုန်းမှာ နိုဝင်ဘာလ ပထမပတ်တွင် (၁)တန်(၁၅၀ဝ မှ ၄၅၀ဝ)ယွမ်ရှိခဲ့ရာမှ ဒုတိယပတ် (၈.၁၁.၂၀၂၀)ရက်နေ့တွင် (၁)တန်(၁၅၀ဝ မှ  ၄၇၀ဝ)ယွမ်၊ (၁၀.၁၁.၂၀၂၀)ရက်နေ့တွင် (၁)တန်(၁၅၀ဝ မှ ၅၀ဝဝ) ယွမ်သို့ ဈေးနှုန်းတက်လာပြီး၊ (၁၃.၁၁.၂၀၂၀)ရက်နေ့မှစ၍ ဖရဲသီး(၁)တန် (၁၅၀ဝ မှ ၆၀ဝဝ) ယွမ် မြန်မာငွေ (၁၁၅၂၀ဝဝ)ကျပ်အထိ တက်လာပါသည်။ ဖရဲအဝိုင်းကြားသီးမှာ (၁)တန် (၁၅၀ဝ မှ ၆၂၀ဝ) ယွမ် မြန်မာငွေ (၁၁၉၀၄၀ဝ) ကျပ် ဖြစ်ပြီး၊ သခွားဈေးနှုန်းမှာ ယခင်ပတ်က (၁)တန် (၁၅၀ဝ မှ ၄၀ဝဝ) ယွမ်ရှိရာမှ ယခုပတ်(၁၆.၁၁.၂၀၂၀)ရက်နေ့မှစ၍ (၁)တန်(၁၂၀ဝ မှ ၅၀ဝဝ)ယွမ် မြန်မာငွေ (၉၆၀ဝဝဝ) ကျပ် ရောင်းရပါသည်။ ငွေဈေးနှုန်းမှာ (၁)ယွမ်လျှင် မြန်မာငွေ (၁၉၂)ကျပ်ဝန်းကျင် ဖြစ်သည်။
      (၂၉.၃.၂၀၂၀)မှစ၍ ယနေ့ထိတရုတ်ပြည်တွင်းလူဝင်ထွက်မှု ကန့်သတ်စနစ်ကြောင့် သစ်သီးကားများ တရုတ်နိုင်ငံ(ဝမ်တိန်)ကွင်းအထိ သွားရောက်ရောင်းချနေရဆဲဖြစ်သလို သစ်သီးကားဒရိုင်ဘာများကို ဝင်ခွင့် မပြုဘဲ တရုတ်ဖက်မှ ရွှေးချယ်ထားသော ယာဉ်မောင်းများဖြင့်သာ အဝင်အထွက်ပြုလုပ် နေရသည် မှာလည်း (၂၀.၄.၂၀၂၀)နေ့မှစ၍ ယနေ့အထိဖြစ်သည်။
       တရုတ်ဝင်ပေါက် ကျိန်စန်းကျော့ဂိတ်ပိတ်ချိန်ကို ယခင် မြန်မာစံတော်ချိန်  ည(၈း၃၀)အထိ  ခွင့်ပြု ပေးထားရာမှ  ဇွန်လ(၂)ရက်နေ့မှစ၍ ညနေ(၄း၃၀)သို့  ပြောင်းလဲ သတ်မှတ်မှုရှိခဲ့သော်လည်း ယခုရက်ပိုင်း ကျိန်စန်းကျော့လမ်းတွင် ဆန်၊ ပဲပြောင်း၊ ကြက်သွန်၊ ရော်ဘာ၊ ကုန်စုံနှင့် ခါလီအဝင်ကားများနှင့် ကြပ်တည်း နေမှုအား  သစ်သီးဝလံကုန်စည်ဒိုင်မှ လူအားဖြင့်ဝိုင်းဝန်းကာ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှုကြောင့် သစ်သီး၊  ရေထွက်နှင့် ကြက်သွန်ကားတန်းတစ်ခု ရရှိခဲ့ပြီး သစ်သီးကားများ တစ်ရက်လျှင် ကားစီးရေ(၁၀ဝ)ခန့် တင်ပို့၍ရနိုင်ပြီဟု မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ သတင်းရရှိသည်။

နေမျိုးထိုက်ကျော် (မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာန)