Main menu

Background

ပြည်စျေးကွက်တွင် နှမ်းစျေးများကျဆင်းလျက်ရှိ

Thu, 11/26/2020 - 11:25 -- journal_editor

ပြည်စျေးကွက်တွင် ယခုတစ်ပတ်၌  နှမ်းရောင်စုံစျေးများဆက်လက်ကျဆင်းလာတာတွေ့ရပါတယ်။ စျေးကွက်သို့နှမ်း၀င်ရောက်မှု့မရှိဘဲ လက်ကျန်နှမ်းများဖြင့် အရောင်းအ၀ယ်ဖြစ်သော်လည်း အိတ်အနည်းငယ်သာအရောင်းအ၀ယ် ဖြစ်လျက်ရှိပါတယ်။ စျေးကွက်တွင်နှမ်းအနီမှာမရှိသလောက်နည်းသွားပြီး မြို့တွင်းဆီစက်သမားအချို့က အောင်လံမြို့ကိုမှာယူပြီးဆီကြိတ်ရတယ်လို့သိရပါတယ်။ နှမ်းနက်နှင့်စမုံနက်မှာမန္တလေးဘက်မှ နေ့တိုင်းအ၀ယ်မရှိပေမယ့် ရက်ခြားအ၀ယ်ရှိလို့ စျေးကျလာတာ တွေ့ရပါတယ်။ ယခုအပတ်တွင် ပြည်စျေးကွက်၌ ဖြစ်ပေါ်နေသောနှမ်းစျေးများမှာ နှမ်းနီ (၃)တင်း၀င် တစ်အိတ်လျှင် ကျပ် ၁၀၅၀၀၀၊ နှမ်းနက်သုံးတင်း၀င်တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ နှင့် စမုံနက်နှမ်းသုံးတင်း၀င် တစ်အိတ်လျှင်ကျပ် ၁၆၅၀၀၀ ဖြင့် ယခင်အပတ်ထက်စာရင်စျေးသိသိသာသာပြန်ကျလာတာတွေ့ရပါတယ်။

ဝေဝေမင်း(ပြည်)