Main menu

Background

စျေးငြိမ်နေတဲ့ပြည်မြေပဲဆန်

Thu, 11/26/2020 - 11:27 -- journal_editor

ယခုအပတ် ပြည်စျေးကွက်သို့ ပန်းတောင်းနှင့် ပေါက်ခေါင်းဘက်မှ မြေပဲဆန်အိတ်များ နေ့စဉ်အ၀င်ရှိပြီး ၀င်သလောက်အရောင်း၀ယ်ဖြစ်တာတွေ့ရပါတယ်။ ဆီစက်သမားများက ဆီဆန်ကိုအ၀ယ်ရှိပြီး လုံးဆန်ကိုရန်ကုန်၀ယ်လက် များနှင့် ပဲလှော်ဖိုသမားများကအ၀ယ်ရှိလို့ မြေပဲဆန်စျေးမှာ ယခင်အပတ်က အတိုင်းစျေးငြိမ်နေတာတွေ့ရပါတယ်။ ယခုအပတ် မြေပဲဆန်စျေးများမှာ ဆီဆန်အဖြူရောအနီပါတစ်ပိဿာလျှင် ကျပ် ၂၄၀၀ နှင့် လုံးဆန်စျေးမှာအဖြူ ရော အနီပါ တစ်ပိဿာလျှင် ကျပ် ၂၈၀၀ ဖြင့်  ပြည်စျေးကွက်တွင် အရောင်းအ၀ယ်ဖြစ်လျက်ရှိပါတယ်။

ဝေဝေမင်း(ပြည်)