Main menu

Background

နို့ဆီတန်ချိန် ၉၀ ကျော်နှင့် နို့မှုန့်တန်ချိန် ၃၀၀ နီးပါးတင်သွင်း

Thu, 12/03/2020 - 15:02 -- journal_editor

နို၀င်ဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၉၈၂၉၇ တန်ဖိုးရှိ နို့ဆီ ၉၉ ဒသမ ၂၁၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် Hawk နို့ဆီတစ်မျိုးတည်းသာတင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က နို့ဆီ၄၈ တန်ကျော်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၅၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

          အမေရိကန်ဒေါ်လာ ၅၁၂၇၃၈ တန်ဖိုးရှိနို့မှုန့် ၂၉၆ ဒသမ ၁၀ တန်ကို တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ပြင်သစ်နိုင်ငံမှ ၁၀၆ ဒသမ ၅ တန်၊ အိုင်ယာလန်နိုင်ငံမှ ၇၅ တန်၊ နယူးဇီလန်နိုင်ငံမှ ၉၁ ဒသမ ၆ တန်နှင့် ပိုလန်နိုင်ငံမှ ၂၃ တန်တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က နို့မှုန့်၂၀၁ ဒသမ ၆၀တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၉၄ ဒသမ ၅ တန်ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခုတစ်ပတ် နို့ဆီနှင့်နို့မှုန့် အ၀င်ပိုခဲ့သည်။

သီတာဝင်း(DOT)