Main menu

Background

ဧည့်မထဆန်သစ်နှင့် ရော်ဘာဈေးတက်နေပြီးပေါ်ဆန်းဆန်သစ်နှင့် မတ်ပဲဈေးကျလာသည့် မော်လမြိုင်ကုန်စည်ဒိုင်

Tue, 12/08/2020 - 11:35 -- journal_editor

၂၀၂၀ ဒီဇင်ဘာ၇ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာရာဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၈၀၊ ၁၀၈ ပေါင်(ဆန်သား၉၀%)ဆန်(သစ်)တစ်အိတ်ဈေးနှုန်းမှာဧည့်မထကျပ် ၂၅၅၀၀၊ ပေါ်ဆန်းကျပ် ၃၅၀၀၀၊၂၀ ပိဿာ ဝင် ပဲတစ်တင်းဈေးနှုန်းများမှာပဲတီစိမ်းကျပ် ၃၆၀၀၀၊ မတ်ပဲကျပ်၃၃၈၀၀၊ ပဲလွန်းဖြူကျပ်၃၄၀၀၀၊ ဘိုကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၁၀၀၀၊ မြေပဲ၆၁၀၀၀ ကျပ်၊သစ်သီးဝလံမှ ကျွဲကောသီးပန်းရောင်လက္ကားဈေးတစ်လုံးကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင်လက္ကားဈေးတစ်လုံးကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒူးရင်းသီး(ဒေသမျိုး)တစ်လုံးကျပ် ၂၀၀၀ မှ ၄၀၀၀၊  မင်းဂွတ်သီးတစ်လုံး ၅၀ မှ ၁၅၀ ကျပ်၊ ရေထွက်ကုန်တစ်ပိဿာ(အလတ်စ)ဈေးနှုန်းမှာငါးဒန် ကျပ် ၂၄၀၀၊ ငါးမြစ်ချင်းကျပ် ၃၀၀၀၊ ငါးဖားမကျပ် ၂၂၀၀၊ တီလားဗီးရားကျပ် ၃၅၀၀၊ ငါးပုတ်သင် ကျပ် ၄၀၀၀၊ ငါးပုဏ္ဏား(ထီး) ကျပ် ၈၀၀၀၊ ကကတစ် ကျပ် ၈၀၀၀၊ ငါးသလောက်(အာနီ) ကျပ် ၁၅၀၀၀၊ ကင်းမွန်ကျပ် ၅၅၀၀ မှ ၈၅၀၀၊ ပုဇွန်ပျော့ ကျပ် ၁၇၀၀၀ မှ ၂၂၀၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း) ကျပ် ၂၅၀၀၀ မှ ၃၈၀၀၀၊ ဂဏန်း(ပန်း) ကျပ် ၃၅၀၀ မှ ၇၀၀၀ အသီးသီးဖြစ်ပေါ်နေကြောင်းသိရှိရသည်။

ယခင်ပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါကR.S.S-3ရာဘာတစ်ပေါင်(၂၀)ကျပ်၊ဧည့်မထ(ဆန်သစ်) တစ်အိတ်(၁၀၀၀)ကျပ် ဈေးတက်နေပြီးပေါ်ဆန်း(ဆန်သစ်)တစ်အိတ်(၁၀၀၀)ကျပ် နှင့်မတ်ပဲတစ်တင်း(၆၀၀)ကျပ် ဈေးနှုန်းကျဆင်းနေကြောင်း၊ သစ်သီးဝလံများ၊ရေထွက်ကုန်ပစ္စည်းများမှာဈေးနှုန်းအတက်/အကျပြောင်းလဲမှုမရှိကြောင်းမော်လမြိုင်ကုန်စည်ဒိုင်မှ သတင်းရရှိသည်။

 

ဝင်းမြတ်၊ ရာမညကုန်သွယ်မှုဗဟိုဌာန