Main menu

Background

ပြည်ပဲမျိုးစုံစျေးကွက်မှာဆောင်းပဲတီစိမ်းသစ်များ အရောင်းအ၀ယ်သွက်နေ

Thu, 12/10/2020 - 15:46 -- journal_editor

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံစျေးကွက်အတွင်းပဲစျေးအချို့ စျေးလျော့ရောင်း၀ယ်လျက်ရှိနေခဲ့ကြောင်းသိရပါတယ်။ နို၀င်ဘာလအတွင်းက မတ်ပဲ၊ ပဲတီစိမ်းစျေးများစျေးမြင့်တက်ခဲ့ပေမယ့် ယခုတစ်ပတ်မှာတော့ အဆိုပါပဲများ စျေးလျော့သွားခဲ့ပါတယ်။

မတ်ပဲ

            မတ်ပဲသီးနှံမှာပဲလက်ကျန်များရှိနေပေမယ့် တစ်ခါတစ်ရံမှသာ အရောင်းအ၀ယ်ဖြစ်ပြီး နေ့စဉ်ရောင်း၀ယ် မှုမဖြစ်ဘူးလို့သိရပါတယ်။ ရန်ကုန်၀ယ်လက်သမားအချို့ ရက်ခြား၀ယ်ယူခဲ့ပြီး အရောင်းအ၀ယ်ဖြစ်သည့်ရက်တွင် အိတ် ၂၀၀ ကျော်ရောင်း၀ယ်ခဲ့ကာ ပဲစျေးမှာတစ်တင်း ၃၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်တွေကထက် စျေးလျော့လာခဲ့ပါတယ်။ ယခင်နှစ်ကနှစ်ကုန်ပိုင်းတွင် မတ်ပဲတစ်တင်း ၃၃၀၀၀ ကျပ်ဖြင့် ရောင်း၀ယ်နေခဲ့တဲ့အတွက် ယခုနှစ်မှာ နို၀င်ဘာလအတွင်း မတ်ပဲသီးနှံစျေးမြင့်တက်ခဲ့ပေမယ့် ယခုလမှာတော့ ပဲစျေးတဖြည်းဖြည်းလျော့နည်းနေခဲ့ကြောင်းသိရပါတယ်။

ပဲတီစိမ်း

            ပဲတီစိမ်းသီးနှံမှာပဲအထွက်လှိုင်ချိန်ဖြစ်တာကြောင့် ပဲ၀င်ရောက်မှုများလျှက်ရှိသလို ၀ယ်လိုအားလည်း ကောင်းခဲ့ပါတယ်။ ဒါ့ကြောင့်အ၀င်ရှိသလောက်အရောင်းအ၀ယ်ဖြစ်ပြီး ပဲစျေးမှာတစ်တင်း ၄၃၀၀၀ ကျပ်ဖြင့် ယခင်အပတ်ထက် စျေးလျော့နည်းသွားခဲ့ပါတယ်။ ပြည်စျေးကွက်သို့ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်း ဒေသများမှ နေ့စဉ်၀င်ရောက်နေသလို မင်းတုန်း၊ ကံမမြို့နယ်များမှလည်း နေ့စဉ်၀င်ရောက် ခဲ့ကြောင်း သိရပါ တယ်။ ပဲတီစိမ်းသီးနှံမှာနှစ်စဉ်စျေးကောင်းရတဲ့ သီးနှံဖြစ်တာကြောင့် ယခင်နှစ်ကလည်းတစ်တင်း ၄ သောင်း ကျပ်၀န်းကျင်ဖြင့် ရောင်း၀ယ်လျက်ရှိနေခဲ့ပါတယ်။

ကုလားပဲ

            ကုလားပဲသီးနှံမှာပဲဟောင်းလက်ကျန်များဖြင့် နေ့စဉ်ရောင်း၀ယ်နေပြီး ဒေသတွင်းခွဲစက်သမားများ ပုံမှန်၀ယ်ယူလျှက်ရှိပါတယ်။ တစ်ခါတစ်ရံ ရန်ကုန်၀ယ်လက်သမား ၀ယ်ယူခဲ့တယ်လို့လည်းသိရပါတယ်။  တစ်ရက်အိတ် ၂၀၀/၂၅၀ ရောင်း၀ယ်မှုဖြစ်ပြီး ပဲစျေးမှာတစ်တင်း ၂၉၀၀၀ ကျပ်ဖြင့် စျေးအတက်အကျ သိပ်မဖြစ်ဘဲ စျေးငြိမ်ရောင်း၀ယ်နေခဲ့ပါတယ်။

ပဲကြီး

            ပဲကြီးသီးနှံမှာလည်း ပဲသစ်၀င်ရောက်ခြင်းမရှိသေးဘဲ ပဲလက်ကျန်များဖြင့်သာဒေသတွင်းပဲကြော်ဖို သမားများ ပုံမှန်၀ယ်ယူလို့ နေ့စဉ်အိတ် ၂၀၀/၃၀၀ ခန့်အရောင်းအ၀ယ်ဖြစ်ခဲ့ကြပါတယ်။ ပဲစျေးနှုန်းမှာတော့ (ရွှေကျွန်း)တစ်တင်း ၃၅၀၀၀ ကျပ်၊ (ကမ်းနား)တစ်တင်း ၃၂၀၀၀ ကျပ်တို့ဖြင့် အသီးသီး ရောင်း၀ယ်နေ ခဲ့ကြောင်းသိရပါတယ်။ ပဲကြီးသီးနှံမှာလည်းနှစ်စဉ်စျေးကောင်းရတယ်လို့ဆိုရမှာဖြစ်ပြီးယခင်နှစ်က(ရွှေကျွန်း) တစ်တင်း ၃၁၅၀၀ကျပ် (ကမ်းနား) တစ်တင်း ၂၈၀၀၀ ကျပ်ရရှိနေတဲ့အတွက် ယခုနှစ်မှာယခင်နှစ်ထက် စျေးအနည်းငယ်သာပိုရလာခဲ့ကြောင်းသိရပါတယ်။

ခင်ဆွေ၀င်း(ပြည်)