Main menu

Background

အ၀င်ပါးလို့စျေးပြန်မြင့်လာတဲ့ ပြည်နှမ်း

Thu, 12/10/2020 - 15:47 -- journal_editor

ပြည်စျေးကွက်တွင် ယခုတစ်ပတ်၌  နှမ်းနီစျေးမှာယခင်အပတ်ကအတိုင်းငြိမ်နေပြီးနှမ်းနက်နှင့် စမုံနက် နှမ်းစျေးအနည်းငယ်ပြန်မြင့်လာတာတွေ့ရပါတယ်။ ယခုအချိန်တွင် ၀င်ရောက်မှုနည်းသွားပြီး အ၀ယ် အနည်းငယ်ရှိလာတဲ့အတွက် စျေးအနည်းငယ်ပြန်မြင့်လာတယ်လို့သိရပါတယ်။ နှမ်းနက်နဲ့ စမုံနက်နှမ်းကိုအောင်လံ၊ မန္တလေး၀ယ်လက်များက အ၀ယ်ရှိလို့ ယခုအပတ်တွင် နှမ်းနက် (၃)တင်းတစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ် နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် ၁၇၀၀၀၀ ကျပ်အထိစျေးမြင့်လာခဲ့ပြီးနှမ်းနီမှာ မြို့တွင်းဆီစက်သမား များကြောင့် အရောင်းအ၀ယ်ဖြစ်ပြီး စျေးငြိမ်နေတာတွေ့ရပါတယ်။ စျေးမှာ (၃)တင်းတစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်ဖြင့် အရောင်းအ၀ယ်ဖြစ်လျက်ရှိပါတယ်။

ဝေဝေမင်း(ပြည်)