Main menu

Background

ပြည်စျေးကွက်တွင် မြေပဲဆန်ဆီဆန်ရော လုံးဆန်ပါပုံမှန်အရောင်းအ၀ယ်ဖြစ်လျက်ရှိ

Thu, 12/10/2020 - 15:47 -- journal_editor

ယခုအပတ် ပြည်စျေးကွက်သို့ ပန်းတောင်းနှင့် ပေါက်ခေါင်းဘက်မှ မြေပဲဆန်အိတ်များနေစဉ် အိတ် (၃၀၀)ခန့် အ၀င်ရှိပြီး ၀င်သလောက်အရောင်း၀ယ်ဖြစ်တာတွေ့ရပါတယ်။ ယခုပြည်စျေးကွက်တွင် မြေပဲဆန် ဆီဆန်အဖြူနှင့် လုံးဆန်အဖြူစျေးအနည်းငယ်မြင့်လာသော်လည်း ကျန်မြေပဲဆန်မှာယခင်အပတ်ကအတိုင်း စျေးငြိမ်နေတာတွေ့ရပါတယ်။ လုံးဆန်ကို ရန်ကုန်၀ယ်လက်များကအ၀ယ်ရှိသလို ဆီဆန်ကိုမြို့တွင်းဆီစက် သမားများကအ၀ယ်ရှိနေတာ တွေ့ရပါတယ်။  ယခုအပတ် မြေပဲဆန်စျေးများမှာဆီဆန် အဖြူမှာတစ်ပိဿာ လျှင် ၂၄၅၀ ကျပ်၊ အနီမှာ ၂၄၀၀ ကျပ်နှင့် လုံးဆန် အဖြူမှာ ၂၈၅၀ ကျပ်၊ အနီမှာ ၂၈၀၀ ကျပ်ဖြင့် ပြည်စျေးကွက်တွင် ပုံမှန်အရောင်းအ၀ယ်ဖြစ်လျက် ရှိပါတယ်။

ဝေဝေမင်း(ပြည်)