Main menu

Background

ပြည်ကြက်သွန်နီစျေးနှုန်းများကျဆင်း

Thu, 12/10/2020 - 15:49 -- journal_editor

ယခုတစ်ပတ်နို၀င်ဘာလနောက်ဆုံးပတ်တွင် ပြည်စျေးကွက်၌ ကြက်သွန်နီစျေးနှုန်းများ လက်ကားရော လက်လီပါ တစ်ပိဿာလျှင် ကျပ် ၁၀၀ မှ ၁၅၀ထိ ကျဆင်းသွားကြောင်းသိရသည်။ ရေနံချောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူစတဲ့နယ်များမှာ ပိဿာ (၃၀)၀င် အိတ် ၃၅၀/၄၀၀ ခန့်နေ့စဉ်၀င်ရောက်လျှက်ရှိနေပြီးအရောင်း အ၀ယ်မှာ၀င်ရောက်မှုရဲ့ ထက်၀က်နီးပါးခန့် အရောင်းအ၀ယ်ဖြစ်ကြောင်းသိရသည်။ စျေးနှုန်းများအနေနဲ့ ပွဲရုံလက်ကားစျေး တစ်ပိဿာကို (ကြီး/လတ်/ သေး) ကျပ် ၉၀၀/၈၀၀/၇၀၀ နှုန်းတို့ရှိပြီးလက်လီစျေးအသေး များတွင် စျေးနှုန်းအမျိုးအစားမခွဲခြားဘဲကြီး၊ လတ်၊ သေးကြိုက်တာယူကျပ် ၁၀၀၀ဖြင့် ရောင်းချမှုရှိနေကြောင်း လည်းသိရသည်။

၀င်းလဲ့ဝါ (ပြည်)