Main menu

Background

အောင်လံကုန်စည်ဒိုင်တွင် ပဲစဉ်းငုံစျေးအနည်းငယ်ကျဆင်း

Thu, 12/10/2020 - 16:12 -- journal_editor

မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ပဲစဉ်းငုံများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးအနည်းငယ် ကျဆင်းရှိကြောင်း သိရှိရပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ် (၁၀.၁၂.၂၀၂၀)ရက်နေ့တွင် ပဲစဉ်းငုံ ၂၀ပိဿာ(၁)တင်းလျှင်(၂၄၃ဝဝိ/-)ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

          ယခင်(၆.၁၂.၂၀၂၀)ရက်နေ့တွင် ပဲစဉ်းငုံ ၂၀ပိဿာ(၁)တင်းလျှင်(၂၅၅ဝဝိ/-)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ (၆.၁၂.၂၀၂၀)ရက်နေ့နှင့် နှိုင်းယှဉ်ပါက ပဲစဉ်းငုံ၂၀ပိဿာ(၁)တင်းလျှင် (၁၂ဝဝိ/-) ကျပ်ဖြင့် ဈေးအနည်းငယ် ကျဆင်းလျက်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။

 

         

 လှမိုးခိုင်

 (ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)