Main menu

Background

မုံရွာမြို့၌တစ်ပတ်အတွင်းရောင်းချနေသောဈေးနှုန်းအခြေအနေ

Fri, 12/11/2020 - 11:38 -- journal_editor

ဒီဇင်ဘာလဒုတိယပတ်အတွင်း မုံရွာမြို့တွင် ရွှေဘိုပေါ်ဆန်း တစ်ပြည် ၂၅၀၀ ကျပ်၊ ဧရာမင်း (ရှယ်) တစ်ပြည် ၂၅၀၀ ကျပ်ဈေးဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၈၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၇၀၀ ကျပ်၊(သေး) ၄၀၀ ကျပ် ဖြင့်ရောင်းဝယ်လျှက်ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)ခွာပြီးသား (အမြှောင်းကြီး) တစ်ပိဿာ ၅၂၀၀ ကျပ်၊ (သေး) တစ်ပိဿာ ၄၀၀၀ ကျပ်၊ ရှမ်းကြက်သွန်ဖြူ (ကြူကုပ်) တစ်ပိဿာ၂၄၀၀-၂၈၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြပါသည်။ ချင်းတစ်ပိဿာ ၂၂၀၀ကျပ်၊ ငရုတ်သီးခြောက်များကို အမျိုးအစားလိုက်၍ တစ်ပိဿာ(၄၅၀၀မှ၆၅၀၀)ကျပ် ဈေးထိရောင်းဝယ်နေကြောင်း၊ အာလူးတစ်ပိဿာ၁၀၀၀ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး၂၀၀ကျပ်၊ ဂေါ်ဖီပွင့်တစ်ပွင့်၄၀၀-၇၀၀ကျပ်၊ ဂေါ်ဖီပွင့်(broccoli) တစ်ပွင့် ၇၀၀ ကျပ်၊ ကျောက်ဖရုံသီး တစ်လုံး ၅၀၀ကျပ်၊ ခရမ်းသီးတစ်ပိဿာ ၈၀၀ကျပ်၊ ဗမာခရမ်းချဉ်သီးတစ်ပိဿာ ၂၆၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ၈၀၀ကျပ်ဈေးရှိပြီးခရမ်းချဉ်သီးဈေးမှာယခင်တစ်ပတ်ထက် ၂၀၀ကျပ် ကျဆင်းခဲ့ပါသည်။ မုံရွာမြို့တွင်းရောင်းချနေသည့် သစ်သီးဈေးနှုန်းများမှာပန်းသီးတစ်လုံး (၆၀၀၊၃၀၀၊၂၀၀)ကျပ်၊ ပန်းသစ်တော်သီးတစ်လုံး ၁၂၀၀ ကျပ်၊ ထောပတ်သီးတစ်လုံး (၆၀၀၊၅၀၀၊၃၅၀)ကျပ်၊တည်သီးတစ်လုံး (၇၀၀၊၅၀၀)ကျပ်၊ ပျားလိမ္မော်သီးတစ်ပိဿာ ၂၀၀၀ကျပ် ၊ရွှေလိမ္မော်သီးတစ်ပိဿာ ၃၀၀၀ကျပ်၊စပျစ်သီးတစ်ပိဿာ၆၀၀၀ကျပ်၊ သင်္ဘောသီးတစ်လုံး (၇၀၀၊၅၀၀)ကျပ်ဈေးနှုန်းဖြင့်ရောင်းဝယ်နေကြ ပါသည်။

ကြက်ဉလက်လီဈေးမှာ(ကြီး) တစ်လုံး၁၂၅ကျပ်၊(သေး)တစ်လုံး၁၀၀ကျပ်၊ ဘဲဉတစ်လုံး (ကြီး)၂၀၀ကျပ်၊ဘဲဉတစ်လုံး(သေး) ၁၆၀ကျပ်ရှိပြီး၊ ကြက်သားဈေးမှာ Cp ကြက်(ရင်အုံ) တစ်ပိဿာ ၅၅၀၀-၆၀၀၀ကျပ်၊ဗမာကြက် တစ်ပိဿာ ၁၂၀၀၀ကျပ်၊ တီလားဗီးယား (အကြီး) တစ်ပိဿာ ၆၀၀၀ကျပ်၊ဟင်းငံခုတ်သား တစ်ပိဿာ ၈၀၀၀ကျပ်၊ မြစ်ငါးဒန်ခုတ်သား တစ်ပိဿာ ၈၀၀၀ကျပ်၊ ငါးကြင်းဖြူခုတ်သား တစ်ပိဿာ ၁၂၀၀၀ကျပ်၊ငါးသလောက် တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငါးမုတ်နီ တစ်ပိဿာ၄၀၀၀ကျပ်ဈေးဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။ ပဲဆီဈေးနှုန်းများမှာတစ်ပိဿာ၅၇၀၀ကျပ်၊နှမ်းဆီတစ်ပိဿာ၅၂၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၂၂၃၀ကျပ်ရှိပါသည်။မြေပဲလုံးဆံပေါက်ဈေးနှုန်းများမှာ လုံးဆံ(ဖြူ) တစ်ပိဿာ(၂၉၅၀-၃၀၀၀) ကျပ်၊ လုံးဆံ(နီ) တစ်ပိဿာ(၃၀၀၀-၃၀၅၀)ကျပ်၊ ဆီဆံတစ်ပိဿာ၂၄၀၀-၂၄၂၅ကျပ်ရှိပြီး မြေပဲဆံနှင့် ဆီဈေးနှုန်းများမှာမုံရွာကုန်စည်ဒိုင်၏ (Online)ဖြင့်အရောင်းအဝယ်ပြုလုပ်သည့် ပေါက်ဈေးနှုန်းများဖြစ်ပါသည်။

ထက်ထက်မိုး၊ဇေယျာကုန်သွယ်မှုဗဟိုဌာန