Main menu

Background

နိုဝင်ဘာလအတွင်း မူဆယ်မှတရုတ်သို့သစ်သီးဝလံတင်ပို့မှုအခြေအနေ

Fri, 12/11/2020 - 12:53 -- journal_editor

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့နေ့စဉ်သစ်သီးဝလံများတင်ပို့လျှက်ရှိရာ ဒီဇင်ဘာလ(၁.၁၂.၂၀၂၀ မှ ၇.၈.၂၀၂၀)ရက်နေ့အတွင်း ဖရဲသီးတင်ပို့မှု(၄၅၄)စီး၊ ၆၆၀၈.ဝဝ တန်နှင့်သခွားမွေး (၃၆)စီး၊ (၁၃၂၁.၅၀)တန်တင်ပို့နိုင်ခဲ့သည်။

          သစ်သီးဝလံတင်ပို့မှုမှာ နိုဝင်ဘာလနောက်ဆုံးပတ်တွင် ဖရဲသီးတင်ပို့မှု ၆၉၂၅.၅၀ တန်နှင့် သခွားမွေးတင်ပို့မှု ၄၇၁ တန်တင်ပို့ပါသဖြင့် ဒီဇင်ဘာလပထမပတ်တွင်ဖရဲသီးတင်ပို့မှု ၃၁၇.၅ တန်လျော့နည်းခဲ့ပြီး၊ သခွားမွေးတင်ပို့မှုတွင် ၈၄၁.၅ တန်ပိုမိုတင်ပို့နိုင်ကြောင်းသိရှိရသည်။

          နိုဝင်ဘာလနောက်ဆုံးပတ်တွင် ဖရဲသီး(၁)တန် ၂၂၀ဝ မှ ၆၇၀ဝ ယွမ်နှင့် ဖရဲအဝိုင်းကြားသီး (၁)တန်  ၂၂၀ဝ မှ ၇၀ဝဝ ယွမ်ဖြစ်ပြီး (၅.၁၂.၂၀၂၀)ရက်နေ့မှစ၍ဖရဲသီး(၁)တန် ၂၂၀ဝ မှ ၇၂၀ဝ ယွမ်၊ ဖရဲဝိုင်းကြားသီး(၁)တန်  ၂၂၀ဝ မှ ၇၅၀ဝ ယွမ်သို့ဈေးနှုန်းတက်လာပါသည်။ (၇.၁၂.၂၀၂၀)ရက်နေ့မှစ၍ မြင်းခြံနှင့် ဝမ်းတွင်းဒေသမှထွက်ရှိသော အစေ့မဲ့ဖရဲများ စတင်တင်ပို့လာပြီး အစေ့မဲ့ဖရဲ(၁)တန် ၃၀ဝဝ မှ ၇၈၀ဝ ယွမ်ဈေးနှုန်းရောင်းရကြောင်း သိရှိရပါသည်။ သခွားမွေးဈေးနှုန်းမှာ (၁)တန် ၂၅၀ဝ မှ ၆၀ဝဝ ယွမ်မှ (၃.၁၂.၂၀၂၀)ရက်နေ့တွင် (၁)တန် ၃၀ဝဝ မှ ၇၂၀ဝ ယွမ်သို့ဈေးနှုန်းတက်လာပြီး (၅.၁၂.၂၀၂၀)ရက်နေ့ မှစ၍သခွားမွေး(၁)တန် ၃၀ဝဝ မှ ၇၈၀ဝ ယွမ်ထိရောင်းရပါသည်။ ငွေဈေးနှုန်းမှာ  (၁)ယွမ်လျှင် မြန်မာငွေ ၂၀၁ ကျပ် ဝန်းကျင် ဖြစ်သည်။

      (၂၉.၃.၂၀၂၀)မှစ၍ ယနေ့ထိ တရုတ်ပြည်တွင်းလူဝင်ထွက်မှု ကန့်သတ်စနစ်ကြောင့် သစ်သီး ကားများ တရုတ်နိုင်ငံ(ဝမ်တိန်)ကွင်းအထိ သွားရောက်ရောင်းချနေရဆဲဖြစ်သလို သစ်သီးကား ဒရိုင်ဘာများကိုဝင်ခွင့်မပြုဘဲ တရုတ်ဖက်မှရွှေးချယ်ထားသောယာဉ်မောင်းများဖြင့်သာ အဝင် အထွက်ပြုလုပ်နေရသည်မှာလည်း ၂၀.၄.၂၀၂၀ နေ့မှစ၍ယနေ့အထိဖြစ်သည်။

တရုတ်ဝင်ပေါက် ကျင်ဆန်းကျော့ဂိတ်ပိတ်ချိန်ကို ယခင်မြန်မာစံတော်ချိန်  ည(၈ : ၃၀) အထိခွင့်ပြု ပေးထား ရာမှဇွန်လ(၂)ရက်နေ့မှစ၍ ညနေ(၄:၃၀)သို့ပြောင်းလဲသတ်မှတ်မှုရှိခဲ့သော် လည်း ယခု ရက်ပိုင်း ကျိန်စမ်းကျော့လမ်း တွင်ဆန်၊ ပဲပြောင်း၊ ကြက်သွန်၊ ရော်ဘာ၊ ကုန်စုံနှင့် ခါလီအဝင်ကား များနှင့် ကျပ်တည်းနေမှုအား  သစ်သီးဝလံကုန်စည်ဒိုင်မှ လူအားဖြင့်ဝိုင်းဝန်းကာ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှငေ့် ပါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုကြောင့် သစ်သီး၊ ရေထွက်နှင့်ကြက်သွန်ကားတန်း တစ်ခုရရှိခဲ့ပြီး သစ်သီးကားများ တစ်ရက်လျင် ကားစီးရေ(၁၀ဝ)ခန့်တင်ပို့၍ရနိုင်ပြီဟု မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်မှသတင်းရရှိသည်။

 

      နေမျိုးထိုက်ကျော်

     မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာန