Main menu

Background

ယခုတစ်ပတ်မြေသြဇာအ၀င်ပို

Fri, 12/11/2020 - 15:23 -- journal_editor

နို၀င်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၀၁၁၃၄၆ ဒေါ်လာတန်ဖိုးရှိ မြေသြဇာ ၁၄၀၁၀ ဒသမ ၀၃၄ တန်ကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ဘီလာရုစ်နိုင်ငံမှ ၂၅၈၅ တန်၊ တရုတ်နိုင်ငံမှ ၂၀၂၈ ဒသမ ၄၄ တန်၊ အီဂျစ်နိုင်ငံမှ ၁၃၂၂ ဒသမ ၃၈၄ တန်၊ အီရန်နိုင်ငံမှ  ၈၁၇ တန်၊ ကိုရီးယားနိုင်ငံမှ ၂၀၂၇ ဒသမ ၄၇ တန်၊ မလေးရှားနိုင်ငံမှ ၁၃၉၂ ဒသမ ၅၃ တန်၊ နော်ဝေနိုင်ငံမှ ၅၂၀ ဒသမ ၁၆ တန်၊ ပိုလန်နိုင်ငံမှ ၂ ဒသမ ၂၅ တန်၊ ရုရှားနိုင်ငံမှ ၁၀၀၈ တန်၊ စင်ကာပူနိုင်ငံမှ တန်ချိန် ၁၂၀ ၊ ထိုင်းနိုင်ငံမှ ၂၀၈ တန်၊ တူရကီနိုင်ငံမှ ၁၂ ဒသမ ၃ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ၉၆၇ ဒသမ ၅၀ တန်နှင့် ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁၀၀၀ တင်သွင်းခဲ့ကြောင်း သိရသည်။

          တင်သွင်းခဲ့သည့် အမျိုးအစားများမှာ ပိုတက်၊ ဖလော်ရာမြေသြဇာ(အမှုန့်)၊ ဖလော်ရာ(ပွင့်သီးမြိုင်)၊ စူပါဖော့စဖိတ်၊ ကွန်ပေါင်း(၁၅:၁၅:၁၅)၊ ကွန်ပေါင်း(ရွှေမြေသီး)၊ ယူရီးယား(၄၆%)၊ ကောမတ်၊ ယူရီးယား(Gold Flower)၊ ကွန်ပေါင်း(Tristar )၊ ကွန်ပေါင်း(အန်ပီကေ)၊ ကွန်ပေါင်း(သီးစုံ)နှင့် ကွန်ပေါင်း(အာမို)တို့ဖြစ်သည်။ ယခင် သီတင်းပတ်က မြေသြဇာတန်ချိန် ၆၁၄၀ ကျော်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၇၈၆၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

သီတာဝင်း(DOT)