Main menu

Background

နို့ဆီအ၀င်ပိုပြီး နို့မှုန့် အ၀င်လျော့

Fri, 12/11/2020 - 15:24 -- journal_editor

နို၀င်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၉၅၆၀၄ ဒေါ်လာတန်ဖိုးရှိ နို့ဆီ ၃၂၈ ဒသမ ၃၂ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် စင်ကာပူနိုင်ငံမှ မာရီဂိုးနို့ဆီ ၄၃ ဒသမ ၇၇၆ တန်နှင့် ဒွန်းနို့ဆီ ၂၈၄ ဒသမ ၅၅၄ တန်တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ဒွန်းနို့ဆီ အ၀င်များခဲ့သည်။ ယခင်သီတင်းပတ်က နို့ဆီ ၉၉ ဒသမ ၂၁၆ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၂၉ ဒသမ ၁၀၄ တန်ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

          အမေရိကန်ဒေါ်လာ ၃၈၉၅၇၄ တန်ဖိုးရှိ နို့မှုန့် ၁၂၅ ဒသမ ၉၇၅ တန်ကို တင်သွင်းခဲ့သည်။ ယခုတစ်ပတ် နယူးဇီလန်နိုင်ငံမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က နို့မှုန့် ၂၉၆ ဒသမ ၁၀ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၁၇၀ ဒသမ ၁၂၅ တန် တင်သွင်းမှုလျော့နည်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခုတစ်ပတ် နို့ဆီအ၀င်ပိုခဲ့ပြီး နို့မှုန့် အ၀င်လျော့ခဲ့သည်။

သီတာဝင်း (DOT)