Main menu

Background

ပြည်စျေးကွက်တွင်နှမ်းစျေးများပြန်ငြိမ်

Thu, 12/17/2020 - 13:52 -- journal_editor

ပဲခူးတိုင်းဒေသကြီး၊ ပြည်ဒေသရှိစျေးကွက်တွင် ယခုတစ်ပတ်၌ နှမ်းစျေးများငြိမ်နေတာတွေ့ရပါတယ်။ ဆောင်းနှမ်းများစိုက်ပျိုးရန်ပြင်ဆင်နေချိန်ဖြစ်လို့ အ၀င်နည်းသွားသော်လည်း တစ်နေ့လျှင် အိတ် ၁၀၀ လောက် သာအ၀င်ရှိတာတွေ့ရပါတယ်။ အောင်လံနှင့် မန္တလေးဘက်မှ စမုံနက်နှမ်းနှင့် နှမ်းနက်ကို အ၀ယ်ရှိ သော်လည်း ရက်ခြားသာအရောင်းအ၀ယ်ဖြစ်တာတွေ့ရပါတယ်။ မြို့တွင်းရှိတချို့ဆီစက်များကလည်း ယခင်လှောင်ထား တဲ့နှမ်းနီများကို ဆီကြိတ်နေသလို လှောင်နှမ်းမရှိသောဆီစက်အချို့က ဆီကြိတ်ရန်မလုံလောက်လျှင်   အောင်လံအနီးတဝိုက်ရှိကျေးရွာများသို့ သွားရောက်၍ အ၀ယ်ရှိတာတွေ့ရပါတယ်။   ယခုအပတ်နှမ်းစျေးမှာ ယခင်အပတ်ကအတိုင်း နှမ်းနီ (၃)တင်းတစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်၊ နှမ်းနက် (၃)တင်းတစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် ၁၇၀၀၀၀ ကျပ်ဖြင့် စျေးငြိမ်နေတာတွေ့ရပါတယ်။

ဝေဝေမင်း(ပြည်)