Main menu

Background

ကယားပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများ

Thu, 12/17/2020 - 15:49 -- journal_editor

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ကယားပြည်နယ်မှ မန္တလေးမြို့သို့ ဒေသထွက် (ဧည့်မထ)ဆန်အိတ်စုစုပေါင်း ၆၅၃၀ တန်ချိန်အားဖြင့် ၃၂၇ ဒသမ ၈၈ တန်ခန့်တင်ပို့နိုင်ခဲ့ပြီး ကယားပြည်နယ်မှ  အခြားမြို့ကြီးများသို့ ပြောင်းသီးနှံ တင်ပို့မှုအနေဖြင့် ပြောင်းအိတ်စုစုပေါင်း ၃၀၄၇၀ အိတ် တန်ချိန်အားဖြင့် ၁၄၉၂ ဒသမ ၆၂ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

အခြားမြို့ကြီးများမှတစ်ဆင့် ကယားပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုအနေဖြင့် ရန်ကုန်မြို့မှ ဆန်အိတ် ၃၂၆၀ ၊ မန္တလေးမြို့မှ ဆန်အိတ် ၄၂၀၀ နှင့် ရွှေဘိုမြို့မှ ဆန်အိတ် ၄၁၉၀ အိတ်တင်သွင်းခဲ့ပါသည်။ ကယားပြည်နယ်အတွင်းသို့ အခြားမြို့ကြီးများမှ တင်သွင်းမှုစုစုပေါင်း ဆန်တန်ချိန် အနေဖြင့် ၅၈၄ ဒသမ ၉၆ တန်ရှိကြောင်း ပြည်နယ်အထွက်ဂိတ်စာရင်းများအရ သိရှိရပါတယ်။

ကယားပြည်နယ်အတွင်း ယခုလက်ရှိဖြစ်ပေါ်နေသော စပါးဈေးနှုန်းများအနေဖြင့် ဧည့်မထ(မိုး)စပါး၄၆ပေါင် တင်း၁၀၀လျှင် ကျပ် ၆၆၅၀၀၀ ဈေးပေါက်လျက်ရှိသောကြောင်း ယခင်လနှင့်နှိုင်ယှဉ်မည်ဆိုပါက ဧည့်မထ(မိုး)စပါး၄၆ပေါင် တင်း၁၀၀လျှင် ကျပ် ၁၀၁၀၀၀ ဈေး ကျသွားပါကြောင်း ၊ ဆန်ဈေးနှုန်းများအနေဖြင့်  ပေါ်ဆန်းဆန်တစ်အိတ်လျှင် ကျပ် ၆၃၀၀၀ ၊ ဧည့်မထ(ဒေသ)ဆန်တစ်အိတ်လျှင်  ကျပ် ၃၆၀၀၀ ၊ ငစိန်ဆန်တစ်အိတ်လျှင် ကျပ် ၂၅၀၀၀ ၊ စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင်(စည်ပင်လက်လီဈေး) ကျပ် ၇၀၀၀ ၊ နှမ်းဆီ တစ် ပိဿာလျှင်(စည်ပင်လက်လီဈေး) ကျပ် ၇၀၀၀ ၊ စားအုန်းဆီ တစ်ပိဿာလျှင် (စည်ပင်လက်လီ ဈေး) ကျပ် ၂၅၀၀ ၊  ပြောင်း(ခြောက်) တစ်ပိဿာ လျှင် ကျပ် ၃၆၅ ၊ ငရုတ်သီးခြောက်(ရှည်) တစ် ပိဿာလျှင် ကျပ် ၇၅၀၀ ၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာလျှင် ကျပ် ၁၇၀၀၀ ဖြင့် ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်သတင်းများအရ သိရှိရပါတယ်။

 ဖြိုးဝေအောင်(ကယား)