Main menu

Background

အောင်လံကုန်စည်ဒိုင်တွင် ပဲစင်းငုံစျေးအနည်းငယ်ကျ

Fri, 12/18/2020 - 11:12 -- journal_editor

မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစင်းငုံများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများကျဆင်းလျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ်(၁၅.၁၂.၂၀၂၀)ရက်နေ့တွင် ပဲစင်းငုံ ၂၀ပိဿာတစ်တင်းလျှင် ကျပ် ၂၄၀ဝဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ယခင်အပတ်တွင် (၈.၁၂.၂၀၂၀)ရက်နေ့တွင် ပဲစင်းငုံ ၂၀ ပိဿာတစ်တင်းလျှင် ကျပ် ၂၅၀ဝဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပဲစင်းငုံ ၂၀ပိဿာတစ်တင်းလျှင် ကျပ် ၁၀ဝဝ ဈေးကျလျက်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။

  လှမိုးခိုင် (ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)