Main menu

Background

အောင်လံကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံစျေးကျဆင်းလာ

Fri, 12/18/2020 - 11:15 -- journal_editor

မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် နှမ်းမျိုးစုံတို့ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မိုးနှမ်းများဝင်ရောက်လာပြီး အရည်အသွေးနှင့် ဝယ်လိုအားကြောင့် နှမ်းနက်(စမုံ)၊ နှမ်းဖြူနှင့်နှမ်းနီ စျေးများ အနည်းငယ်ကျဆင်းလျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ်(၁၅.၁၂.၂၀၂၀)ရက်နေ့တွင် နှမ်းနက်(စမုံ) ၄၅ပိဿာသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၆၀၀ဝဝ နှမ်းဖြူ ၄၅ပိဿာသုံးတင်းဝင် တစ်အိတ်လျှင်ကျပ် ၁၀၅၀ဝဝ၊ နှမ်းနီ ၄၅ပိဿာသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၀၅၀ဝဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ယခင်အပတ်တွင် (၈.၁၂.၂၀၂၀)ရက်နေ့တွင် နှမ်းနက်(စမုံ) ၄၅ပိဿာသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၆၅၀ဝဝ၊ နှမ်းဖြူ ၄၅ပိဿာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀၇၀ဝဝ၊ နှမ်းနီ ၄၅ပိဿာသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၀၇၀ဝဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက နှမ်းနက် (စမုံ)၄၅ပိဿာသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၅ဝဝဝ၊  နှမ်းဖြူ ၄၅ပိဿာသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၂ဝဝဝ၊ နှမ်းနီ၄၅ပိဿာသုံးတင်းဝင် တစ်အိတ် လျှင်ကျပ် ၂ဝဝဝ စီ စျေးအနည်းငယ်ကျဆင်းလျက် ရှိကြောင်း ကုန်စည်ဒိုင်သတင်းများအရသိရှိရပါသည်။

လှမိုးခိုင်  (ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)