Main menu

Background

အောင်လံကုန်စည်ဒိုင်တွင် ပဲတီစိမ်းစျေးအနည်းငယ်မြင့်တက်

Fri, 12/18/2020 - 11:18 -- journal_editor

မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့်ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲတီစိမ်းများဝင်ရောက်လာပြီး အရည်အသွေးနှင့် ဝယ်လိုအားကြောင့် စျေးများအနည်းငယ်မြင့်တက် လျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ် (၁၅.၁၂.၂၀၂၀)ရက်နေ့တွင် ပဲတီစိမ်း ၂၀ ပိဿာတစ်တင်းလျှင် ကျပ် ၄၅၀ဝဝ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

ယခင် (၈.၁၂.၂၀၂၀)ရက်နေ့တွင် ပဲတီစိမ်း ၂၀ ပိဿာတစ်တင်းလျှင် ကျပ် ၄၃၅ဝဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ (၈.၁၂.၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက ပဲတီစိမ်း ၂၀ပိဿာတစ်တင်းလျှင် ကျပ် ၁၅ဝဝ ဈေးမြင့်တက်လျက်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။

 

လှမိုးခိုင်(ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)