Main menu

Background

ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သောင်းရှစ်ထောင်ခန့်တင်ပို့

Fri, 03/19/2021 - 11:39 -- journal_editor

               မတ်လ ၃ ရက်မှ မတ်လ လယ်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ် ရေးစခန်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၄၆၀၀ ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၅၆၀ ကျော်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၇၀ ခန့် စုစုပေါင်းတန်ချိန် ၆၂၀၀ ခန့် တန်ဖိုးအမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းခန့် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၁၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။

          ယခုတစ်ပတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ သန်းခန့် တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၂၄၀၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။ တင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၁၁၅၈၀ ခန့်နှင့်လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၅၄၀ ကျော်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှဆန်ကွဲတန်ချိန် ၃၃၀ ကျော် တင်ပို့ခဲ့သဖြင့် ယခင် အပတ်ထက် ဆန်ကွဲတန်ချိန် ၃၃၀၀ ကျော်ပိုမိုတင်ပို့ခဲ့ပါသည်။

          ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၈၆၀၀ ကျော်တင်ပို့ခဲ့ သည်။

                                အေးအေးသန့်