Main menu

Background

ဈေးကွက်ဝင် ပွင့်ဖြူဒေသထွက် ကွမ်းရွက်

Thu, 09/29/2022 - 12:57 -- journal_editor

မကွေးတိုင်းဒေသကြီး၊  ပွင့်ဖြူမြို့ နယ်ပတ်ဝန်းကျင်ရှိ  ကျေးရွာများသည် လယ်ယာဥယျာဉ်ခြံမြေများတွင်  သီးနှံ စားပင်မျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ့  စားသုံးမှုများ၍ဈေး ကွက် အခိုင်အမာရှိသော  ကွမ်းရွက်ကို လည်းတစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း သိရသည်။ ပွင့်ဖြူဒေသတွင် ကွမ်းစိမ်း နှင့်ကွမ်းနုဝါ(ရွှေဒါး)ကို အဓိက စိုက်ပျိုး ကြကြောင်း၊ ကွမ်းရွက်ကို ကွမ်းယာ စား သုံးရာတွင် အသုံးပြုရန်နှင့်   တိုင်းရင်း ဆေးဖော်စပ်ရာတွင် အသုံးပြုရန် အဓိက ဝယ်ယူကြကြောင်း သိရသည်။ကွမ်းရွက်စိုက်ပျိုးရာတွင်    မြေ ထုပ်စီးမျိုးညွန့်စိုက်ပျိုးနည်းနှင့် အပင်မှ အညွန့်ဖြတ်၍ တိုက်ရိုက်စိုက်ပျိုးနည်း ဟူ၍ နှစ်မျိုးရှိရာ အပင်  အောင်မြင်ဖြစ် ထွန်းလွယ်သော   မြေထုပ်စီး  မျိုးညွန့် စိုက်ပျိုးနည်းကို အများဆုံး အသုံးပြု၍ စိုက်ပျိုးကြသည်။ ကွမ်းရွက်ကို ဝါဆိုလ နှင့် သီတင်းကျွတ်လများတွင် စိုက်ပျိုး ကြကြောင်း၊   စိုက်ပျိုးမည့်မြေပေါ်တွင် နွားချေး၊ ဓာတ်မြေသြဇာများ အသုံးပြု ၍ မြေဆွေး နှပ်ထားရကြောင်း၊   သို့မှ သာ   အပင်ဖြစ်ထွန်းအောင်မြင်လွယ် ကြောင်းသိရသည်။   ကွမ်းရွက်ကို ဝါး များဖြင့်    တိုင်ထောင်၍    စိုက်ပျိုးကြ ကြောင်း၊ ရေဝပ်ခြင်းကို မကြိုက်ဘဲ မိုး များလျှင် အမြစ်ပုပ်ခြင်း၊ အဆစ်  ပိုးဝင် ကာ အပင်ပျက်ကျခြင်း၊ အပင်သေခြင်း များဖြစ်ကြောင်း၊   အပင်စိုက်ပျိုးချိန်မှ သုံးလခန့်အကြာတွင် စတင်ခူးဆွတ်နိုင် ပြီး တစ်လလျှင် နှစ်ကြိမ်ခန့် ခူးဆွတ်နိုင် ကြောင်း၊ အပင်သက်တမ်းမှာ သုံးနှစ် ခန့်ရှိကြောင်း သိရသည်။  ပွင့်ဖြူမြို့နယ် ပိန္နဲတော၊  ယောစု၊ သံဘို၊ ညောင်ကုန်း၊ ဒေးဒရဲကျေးရွာများမှ ကွမ်းစိုက်တောင် သူများသည်  ကွမ်းမျိုးများကို  ဆိပ်ဖြူ မြို့နယ်မှ ဝယ်ယူကြကြောင်း၊   ကွမ်းခြံ တစ်ခြံလျှင် ကွမ်းပင် ၂၅၀ ခန့်  တစ်ပိုင် တစ်နိုင် စိုက်ပျိုးကြကြောင်း၊ ကွမ်းတစ် ခါ ခူးဆွတ်လျှင် ၁၀ပိဿာမှ ၁၅ပိဿာ ခန့် ထွက်ရှိကြောင်းသိရသည်။ မိုးရာသီ တွင်    ကွမ်းအထွက်နှုန်း  ကောင်းသော ကြောင့် တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀မှ   ၆၀ဝ၀ ခန့်    ဈေးရရှိကာ  ဆောင်းရာသီ ကွမ်းအထွက်  နည်းချိန်တွင် တစ်ပိဿာ လျှင် ကျပ် ၁၂၀ဝ၀ မှ ၁၅၀ဝ၀ ခန့်အထိ ဈေးကောင်းရရှိသောကြောင့်   ပွင့်ဖြူ ဒေသမှ ကွမ်းစိုက် တောင်သူများအနေ ဖြင့်   ဝင်ငွေအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။      
သင်းသင်းစိုး(မကွေး)