Main menu

Background

အောက်တိုဘာလအတွင်း နို့ဆီ၊ နို့မှုန့်တင်သွင်းမှု အခြေအနေ

Tue, 11/08/2022 - 13:35 -- journal_editor

အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၉၆ သန်းတန်ဖိုးရှိ နို့ဆီ တန်ချိန် ၁၀ဝ၀ ခန့်အား မလေးရှားနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ် ပါက နို့ဆီတန်ချိန် ၄၀ဝ ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။  အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန် သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၄၃  သန်း တန်ဖိုးရှိ နို့မှုန့် တန်ချိန် ၃၅၀ခန့် တင်သွင်းခဲ့သည်။  တင်သွင်းမှုများအနေဖြင့် အိုင်ယာလန်နိုင်ငံမှ တန်ချိန် ၁၅၀ ကျော်၊ လစ်သူရေးနီးယားနိုင်ငံမှ တန်ချိန် ၁၅၀ ကျော်နှင့် နယူးဇီလန်နိုင်ငံမှ တန်ချိန် ၄၀ ခန့် တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ် ပါက နို့မှုန့်တန်ချိန် ၁၅၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။  ယခုလအတွင်း နယ်စပ်မှ နို့ဆီ၊ နို့မှုန့် တင်သွင်းမှုမရှိကြောင်း သိရသည်။                   

အိမ့် (DOT)