Main menu

Background

ပြည်ကြက်သွန်ဖြူနှင့် အာလူး  ပုံမှန်အရောင်းအဝယ်ဖြစ်

Fri, 12/09/2022 - 12:56 -- journal_editor

ပြည်ဈေးကွက်တွင် ကြက်သွန်ဖြူ(ရှမ်းစ) လက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ-၂၈၀ဝ-၃၂၀ဝ-၃၆၀ဝ၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ-၄၀ဝ၀၊ (ကြူကုတ်) လက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ် ၃၆၀ဝ-၃၈၀ဝ၊ လက်လီတစ်ပိဿာလျှင် ကျပ် ၃၈၀ဝ-၄၀ဝ၀ ဖြင့် ဈေးငြိမ်နေသည်။ ဈေးကွက်သို့ ရှမ်းပြည်နယ် တောင်ကြီး၊ အင်းလေး၊ ပင်းတယမှ ရှမ်းကြက်သွန်ဖြူများ နေ့စဉ်အဝင်ရှိသလို မန္တလေးဘက်မှလည်း ကြူကုတ်များ နေ့စဉ်အဝင်ရှိသည်။ တစ်နေ့လျှင် ကြက်သွန်ဖြူ ပိဿာချိန် ၂၀ဝ၀ မှ ၃၀ဝ၀ အတွင်း အဝင်ရှိပြီး ပုံမှန် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
ပြည်ဈေးကွက်အတွင်း ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်းမှ ရှမ်းအာလူးများနှင့် မန္တလေးဘက်မှ တရုတ်အာလူးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခုအခါ  ရှမ်းအာလူးများ အထွက်နည်းလာ၍ ပြည်ဈေးကွက်သို့ အဝင်နည်းကြောင်း သိရသည်။ မန္တလေးမှ တရုတ် အာလူးများ နေ့စဉ် ပိဿာချိန် ၃၀ဝ၀-၄၀ဝ၀ အဝင်ရှိပြီး အရောင်းအဝယ်အနည်းငယ် ဖြစ်လျက်ရှိသည်။ ဈေးနှုန်းအနေဖြင့် လက်ကား (ပွဲရုံ) ဈေး တစ်ပိဿာလျှင် အာလူးအလုံး  အကြီးအသေးပေါ်လိုက်၍ ကျပ် ၁၈၀ဝ-၂၀ဝ၀-၂၂၀ဝ၊ လက်လီဈေး ကျပ် ၂၄၀ဝ-၂၈၀ဝ ဈေးဖြင့် ဈေးအေးနေကြောင်း သိရသည်။                                                        

 ဆုမွန်ဆွေ(ပြည်)