Main menu

Background

ပြည်နှမ်းဈေး အနည်းငယ်ကျဆင်းလာ

Tue, 12/13/2022 - 10:20 -- journal_editor

ပြည်ဈေးကွက်သို့ ယခုတစ်ပတ်တွင် ဆောင်းနှမ်းများ စတင်ဝင်ရောက်နေသည်။ ဝင်ရောက်လာသောဒေသများမှာ ပေါက်ခေါင်း၊ နတ်တလင်းနှင့် ကံမဘက်မှ နေ့စဉ် တစ်နေ့လျှင် အိတ် ၂၀ဝ၊ ၃၀ဝခန့် ဝင်ရောက်လျက်ရှိပြီး မန္တလေးဝယ် လက်များကဝယ်ယူမှုရှိသဖြင့် ဝင်သလောက် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ 
ဆောင်းနှမ်းအသစ်များ ဝင်ရောက်မှုရှိပြီး အဝယ်လိုက်နေသော်လည်း နှမ်းနီနှင့် နှမ်းနက်ဈေးမှာ ယခင်တစ်ပတ်ကထက် ကျဆင်းလာပြီး စမုံနက်နှမ်းမှာ ယခင်တစ်ပတ်ကအတိုင်း ဈေးငြိမ်နေသည်။ ယခု နိုဝင်ဘာလကုန်ပတ် နှမ်းနီ ဈေးများမှာ  သုံးတင်းတစ်အိတ်လျှင် ကျပ် ၂၁၀ဝ၀ဝ ဖြင့် မြို့တွင်းဆီသမားများက  အဝယ်ရှိပြီး ယခင်တစ်ပတ်တွင် နှမ်းနီသုံးတင်းတစ်အိတ်လျှင် ၂၂၀ဝ၀ဝကျပ်ဖြစ်ခဲ့၍ ယခင်တစ်ပတ်ထက်စာရင် ကျပ် ၁၀ဝ၀ဝ ခန့် ဈေးလျော့နည်းခဲ့သည်။ ထို့အတူ နှမ်းနက်ဈေးမှာလည်း ယခုတစ်ပတ်တွင် သုံးတင်း တစ်အိတ်လျှင် ကျပ် ၂၃၀ဝ၀ဝ ဈေးဖြင့် မန္တလေးဝယ်လက်များက ဝယ်ယူမှုရှိ၍  အရောင်းအဝယ်ဖြစ်ပြီး  ယခင်ပတ်တွင် သုံးတင်းတစ်အိတ်လျှင် ကျပ် ၂၅၀ဝ၀ဝ ဖြင့် ယခင်ပတ်ထက်စာရင် တစ်အိတ်လျှင် ၂၀ဝ၀ဝ ကျပ်ခန့်ဈေးကျလာသည်။ စမုံနက်နှမ်းဈေးမှာ သုံးတင်းတစ်အိတ်လျှင် ကျပ် ၂၇၀ဝ၀ဝ ဈေးဖြင့် ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေကြောင်း သိရသည်။                                                  

ဝေဝေမင်း(ပြည်)