Main menu

Background

အစေ့ထုတ်ပြောင်း ဈေးနှုန်းဈေးကွက်နှင့် တင်ပို့မှုအခြေအနေ

Tue, 12/13/2022 - 11:55 -- journal_editor

ကယားပြည်နယ်သည် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် ပြောင်းကို အဓိက စိုက်ပျိုးကြပြီး ယခုလအတွင်း အစေ့ထုတ်ပြောင်း ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၉၂၀ ကျပ်ခန့်ဖြင့် ဈေးနှုန်း တည်ငြိမ်လျက်ရှိသည်။ 
နိုဝင်ဘာလအတွင်း အစေ့ထုတ်ပြောင်း တင်ပို့မှုမှာ ၁၄၅၂၂၈ အိတ် (၇၁၁၄ တန်ခန့်) ရှိပြီး ယခင်လ အစေ့ထုတ်ပြောင်း တင်ပို့မှုမှာ ၄၈၁၄၅ အိတ် (၂၃၅၈ တန်ခန့်) တင်ပို့ခဲ့သည်။ ယခင်လနှင့် နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ၁၂၀ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာပြီး တင်ပို့မှုအနေဖြင့် နိုဝင်ဘာလတွင် အစေ့ထုတ်ပြောင်း ၉၇၀၈၃ အိတ်(၄၇၅၆ တန်) ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းနှင့် အစေ့ထုတ်ပြောင်းကို ရန်ကုန်မြို့သို့ အများဆုံး တင်ပို့လျက်ရှိကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရသည်။
၂၀၂၂ ခုနှစ်  ဇန်နဝါရီလမှ  နိုဝင်ဘာလကုန်အထိ ကယားပြည်နယ်မှ  ရန်ကုန်မြို့နှင့်  အခြားမြို့များသို့  အစေ့ထုတ်ပြောင်းတင်ပို့မှုမှာ၂၇၀၅၈၄ အိတ် (၁၃၂၅၅တန်ခန့်) တင်ပို့ခဲ့ကြောင်း၊ ယခင်နှစ်ကာလတူ နှိုင်းယှဉ်ချက်အနေဖြင့် အစေ့ထုတ်ပြောင်း ၁၅၄၀၂၂ အိတ် (၇၅၄၅ တန်ခန့် ) တင်ပို့မှု လျော့နည်းခဲ့သည်။                    

ကယန်းလေး DOCA Kayah