Main menu

Background

မကွေးမြို့ ကန်သာဈေး၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းအခြေအနေ

Tue, 12/13/2022 - 12:25 -- journal_editor

မကွေးမြို့ ကန်သာဈေး၌ ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ အာလူး၊ မုန်လာဥနီ၊ မုန်ညင်းသီးနှံများမှာ ရှမ်းပြည်နယ် (အောင်ပန်းမြို့) မှ ဝင်ရောက်လျက်ရှိပြီး ရွှေဖရုံသီး၊ ရုံးပတီသီး၊ ပဲသီး၊ သံပရာသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်များမှာ မကွေးမြို့နယ် ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မကျီးကန်ကျေးရွာများမှဖြစ်ကြောင်း သိရှိရသည်။
နိုဝင်ဘာလ စတုတ္ထပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၁၂၀ဝ၊ အာလူးတစ်ပိဿာလျှင် ကျပ်၃၀ဝ၀၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် ၁၀ဝ၀ မှ ၁၅၀ဝ အတွင်း၊ ဘူးသီး တစ်လုံးလျှင် ကျပ် ၇၀ဝမှ ၁၀ဝ၀ အတွင်း၊ မုန်ညင်းတစ်ထုပ်လျှင် ကျပ် ၁၂၀ဝ၊ ဆလတ်ရွက်နှစ်ပင်တစ်စည်း ကျပ် ၂၀ဝ၊ ရုံးပတီသီး တစ်တောင့်လျှင် ကျပ် ၁၅ မှ ၂၀ အတွင်း၊ ကန်စွန်းရွက် (တရုတ်) တစ်စည်းလျှင် ကျပ် ၁၀ဝ မှ ၂၀ဝ အတွင်း၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ် ၅၀ မှ ၁၀ဝ အတွင်း၊ ခရမ်းသီး(ရှည်) တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ မှ ၂၀ဝ၀ အတွင်း၊ သံပရာသီး  တစ်လုံးလျှင် ကျပ် ၁၀ဝ မှ ၂၀ဝ အတွင်း၊ ပဲသီး တစ်စည်းလျှင် ကျပ် ၂၀ဝ မှ ၃၀ဝ အတွင်းနှင့် ငရုပ်သီးစိမ်း(ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ ဖြစ်ကြောင်း သိရသည်။                              

မိုးမိုးခိုင်(မကွေး)