Main menu

Background

ကမ္ဘာ့ရွှေဈေး မြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၂၇ သိန်းနီးပါးရောက်ရှိ

Wed, 12/21/2022 - 10:56 -- journal_editor

ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်နေသည့်အတွက် ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်နေပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၇ သိန်းနီးပါးသို့ ရောက်ရှိ လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၈၁၁ ဒေါ်လာ အထိ စံချိန်တင်မြင့်တက်လျက်ရှိရာ ပြည်တွင်းရွှေဈေးသည်လည်း တစ်ကျပ်သား ကျပ် ၂၆၈၀ဝ၀ဝ ဈေးတန်းသို့ လိုက်ပါမြင့်တက်လာခြင်း ဖြစ်သည်။ အဆိုပါ ကမ္ဘာ့ရွှေဈေးနှုန်းများသည် ဒီဇင်ဘာ ၉ ရက်တွင် တစ်အောင်စ ၁၇၉၅ ဒေါ်လာ၊ ၁၀ ရက်တွင် ၁၇၉၇ ဒေါ်လာ၊ ၁၂ ရက်တွင် ၁၇၈၈ ဒေါ်လာ၊ ၁၃ ရက်တွင် ၁၇၈၅ ဒေါ်လာ၊ ၁၄ ရက်တွင် ၁၈၁၁ ဒေါ်လာ၊ ၁၅ ရက်တွင် ၁၇၉၅ ဒေါ်လာ စသည်ဖြင့် အသီးသီး ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ပြင်ပဈေးကွက်၌ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းများမှာ ဒီဇင်ဘာ ၉ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ၂၆၇၅၀ဝ၀ ကျပ်၊ ၁၀ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်များတွင် ၂၆၇၀ဝ၀ဝ ကျပ်၊ ၁၄ ရက်နှင့် ၁၅ ရက်တွင် ကျပ် ၂၆၈၀ဝ၀ဝ ဖြစ်ကြောင်း သိရသည်။                                                          

ပန်းဆု