Main menu

Background

လွိုင်ကော်မြို့တွင် ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

Tue, 01/03/2023 - 15:10 -- journal_editor

၂၀၂၂ ခုနှစ်  ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း လွိုင်ကော်မြို့နယ် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၄၃၀ဝ ကျပ်၊ ရွှေရင်အေး တစ်ပြည် ၂၉၅၀ ကျပ်၊ ဇီယာတစ်ပြည် ၂၀ဝ၀ ကျပ်ဖြင့်လည်းကောင်း၊ စားသုံးဆီအနေဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ၅၈၀ဝ ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် ၁၂၀ဝ၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀ဝ၀ ကျပ်တို့ဖြင့် လည်းကောင်း၊ စားဖိုဆောင်သီးနှံအနေဖြင့် ကြက်သွန်နီလက်လီတစ်ပိဿာလျှင် ၄၀ဝ၀ ကျပ်မှ ၄၅၀ဝ ကျပ်အထိ ဖြစ်သည်။ 

ကြက်သွန်ဖြူ(ရှမ်း) လက်လီတစ်ပိဿာလျှင် ၄၂၀ဝ ကျပ် မှ ၄၈၀ဝကျပ်ထိ၊ ချင်းတက် လက်လီတစ်ပိဿာလျှင်  ၁၁၀ဝ ကျပ် မှ ၁၅၀ဝ ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက် ၁၄၀ဝ၀ကျပ်မှ ၁၇၀ဝ၀ကျပ်ထိ၊ အာလူး ၂၃၀ဝ ကျပ်မှ  ၂၅၀ဝ ကျပ်ထိ ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၃၀ဝ ကျပ် မှ  ၁၅၀ဝကျပ်တို့ဖြင့်လည်းကောင်း၊ ကြက်ဥလက်လီဈေးနှုန်းမှာ ကြီးတစ်လုံး ၂၃၀ ကျပ်၊ သေးတစ်လုံး ၂၁၀ ကျပ်၊ ဘဲဥ(ကြီး)တစ်လုံး ၂၆၀ ကျပ်၊ ဘဲဥ(သေး)တစ်လုံး ၂၄၀ကျပ်ဖြင့်လည်းကောင်း၊ လွိုင်ကော်မြို့၏ သား/ငါးဈေးနှုန်းမှ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ၁၁၀ဝ၀ ကျပ်မှ ၁၂၀ဝ၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၄၀ဝ၀ ကျပ်မှ ၁၅၀ဝ၀ ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် ၁၄၀ဝ၀ ကျပ်မှ ၁၅၀ဝ၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၈၀ဝ၀ ကျပ်မှ ၉၀ဝ၀ ကျပ်ထိ၊ ငါးကြင်းတစ်ပိဿာလျှင် ၉၀ဝ၀ ကျပ်မှ ၁၀ဝ၀ဝ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်း ရောင်းချနေသော ဈေးသည်များထံမှ သိရသည်။

ငြိမ်းငြိမ်းအိ(DOCA KAYAH)