Main menu

Background

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာဈေးကွက် မြင့်တက်လျက်ရှိ

Thu, 01/19/2023 - 13:58 -- journal_editor

တနင်္သာရီတိုင်းဒေသကြီးသည်  ရော်ဘာနှင့်  ကွမ်းသီး တို့ကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ် သည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ    ၃၄၉၁၂၁ ဧက၊ အစေးလှီး ဧရိယာမှာ  ၁၉၃၂၇၅ ဧက၊ အထွက်နှုန်းမှာ  ၄၉၉ ဒသမ ၉၉ ပေါင်ရှိပြီး တစ်နှစ်စာ  ပျမ်းမျှအထွက်တန်မှာ ၄၃၈၃၄ မက်ထရစ်တန်ရှိကြောင်း သိရှိရသည်။
မှိုင်းခံရော်ဘာတွင် RSS-1၊ RSS-2 ၊ RSS-3၊RSS-4၊ RSS-5ဟူ၍အဆင့်သတ်မှတ်ချက် ငါးမျိုးရှိသည်။ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင်   RSS-3  နှင့် RSS-5  နှစ်မျိုးသာ အဓိကအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
ယခုတစ်ပတ် ရော်ဘာဈေးနှုန်းမှာ  RSS-3 တစ်ပေါင် လျှင် ကျပ် ၁၃၂၀ နှုန်း၊ RSS-5တစ်ပေါင်လျှင် ကျပ် ၁၂၂၀ နှုန်း  ပေါက်ဈေးရှိပြီး  RSS-3 သည် RSS-5 ထက် အပြစ်အနာဆာ ကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်း သိရှိ ရသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တွင် ရော်ဘာဈေး နှုန်းအနေဖြင့်  တောင်သူများ   တွက်ခြေကိုက်လျက်ရှိသော ကြောင့် ရော်ဘာ အစေးခြစ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက  ဈေးနှုန်းအနည်းငယ် မြင့် တက်လျက်ရှိသည်။ ရော်ဘာကို ကော့သောင်းနှင့် ထိုင်း ဘက်သို့  အများဆုံး တင်ပို့လျက်ရှိပြီး  ယခုအခါ သယ်ယူ ပို့ဆောင်ခမှာ ထားဝယ်မှ ကော့သောင်းသို့ (ကားခ) တစ်တန် လျှင် ကျပ် ၁၈၀ဝ၀ဝ-၂၀ဝ၀ဝ၀နှုန်းရှိကြောင်း သိရသည်။
သဲသဲ(ထားဝယ်)