Main menu

Background

မလှိုင်မြို့နယ် ဈေးကွက်အတွင်း မန်ကျည်းမှည့်ဈေး ကျဆင်းလျက်ရှိ

Mon, 02/13/2023 - 14:04 -- journal_editor

မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် အိမ်ခြံဝင်းအတွင်း အလေ့ကျပေါက်သော မန်ကျည်းပင်မှ ဝင်ငွေရလျက်ရှိသည်။ ယခုနှစ်တွင် အသီးနှုန်းကောင်း၍ အထွက်နှုန်းကောင်းကြောင်း သိရသည်။ မန်ကျည်းသီးမှည့်သည် ဟင်းလျာများချက်ပြုတ်ရာတွင်လည်း အသုံး ပြုကြသည့်အပြင် မြန်မာတိုင်းရင်းဆေး ဖော်စပ်ရာတွင်လည်း အသုံးဝင်သော ဒေသထွက်ကုန်တစ်မျိုးဖြစ်သည်။ 
မန်ကျည်းသီးမှည့်ကို ဇန်နဝါရီလဆန်းပိုင်းတွင် စတင်ခူးဆွတ်ရာ လုပ်ငန်းရှင်များက အပင်ပြတ် ဝယ်ယူ၍လည်းကောင်း၊ ပိုင်ရှင်ကိုယ်တိုင်မှလည်းကောင်းခူးဆွတ်၍ မိတ္ထီလာမြို့ပေါ် ပွဲရုံများတွင် အများဆုံး တင်ပို့ရောင်းချကြသည်။ ယခင် မန်ကျည်းမှည့်အသစ်မပေါ်မီ ဈေးကွက်တွင် မန်ကျည်းမှည့် အသားတစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ ရှိခဲ့သော်လည်း ယခု မန်ကျည်းသီးသစ် ပေါ်ချိန်တွင် မန်ကျည်းမှည့် အသား တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ  ယခင်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် အသားတစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ခန့်  ကျဆင်း လျက်ရှိကြောင်း၊   ဈေးနှုန်းကျဆင်းလာရခြင်းမှာ မန်ကျည်းမှည့် အသစ်ပေါ်ချိန်ဖြစ်၍ ဈေးကွက်တွင် မန်ကျည်းမှည့်သစ်များ   လှိုင်လှိုင် ဝင်ရောက်လာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
သင်းသင်းမြတ်(မိတ္ထီလာ)