Main menu

Background

နမ့်ဆန်မြို့နယ် လက်ဖက်ဈေးကွက်

Tue, 05/09/2023 - 12:57 -- journal_editor

ရှမ်းပြည်နယ်   (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်တွင် လက်ဖက်များကို အဓိကထားစိုက်ပျိုးကြကြောင်း သိရှိရ သည်။ လက်ဖက်မှာ မိုးလွတ်ရွှေဖီဦးနှင့် မိုးမလွတ်သည့်  ခက်ကန့်(သို့မဟုတ်) ခါးကန့်ဟူ၍  နှစ်မျိုးရှိကြောင်း သိရှိရ သည်။  မိုးလွတ်  ရွှေဖီလက်ဖက်ကို မတ်လအကုန် ဧပြီလပိုင်းတွင် ခူးဆွတ် ပြီး  ခက်ကန့် (သို့မဟုတ်)ခါးကန့်ကို မတ်လမှ စက်တင်ဘာလအထိ ခူးဆွတ် ရကြောင်း၊ ခက်ကန့်(သို့မဟုတ်)ခါးကန့် အရွက်များကို  မိုးကြောင့်  လက်ဖက်စို ပြုလုပ်ကြကြောင်း သိရှိရ သည်။
ရွှေဖီလက်ဖက်မှာ ခက်ကန့် (သို့မဟုတ်) ခါးကန့်  လက်ဖက်ဈေး ထက်ပိုမိုရရှိကြောင်း၊ တစ်နှစ်ပတ်လျှင် ပျမ်းမျှပိဿာချိန်  ၈၀ဝ၀ ခန့် ထွက်ရှိ ကြောင်း၊ အရွက်စိမ်းရွှေဖီတစ်ပိဿာကို ယမန်နှစ်က  ကျပ် ၁၆၀ဝ   ဈေးရှိပြီး ယခုနှစ်တွင်  ကျပ် ၂၅၀ဝ ရရှိ ကြောင်း၊ ခက်ကန့်(သို့မဟုတ်)ခါးကန့်လက်ဖက် တစ်ပိဿာလျှင်   ယခင်နှစ်က   ကျပ် ၇၀ဝ ရှိပြီး ယခုနှစ်တွင်  ကျပ် ၂၀ဝ၀ ရှိကြောင်း သိရှိရသည်။
ထွက်ရှိလာသည့် လက်ဖက်အညွန့်လေးများဖြင့် လက်ဖက်စို၊ Black Tea နှင့် Green Tea များကို ပေါင်းလှန်း ခြောက်၊ လက်လှော်ခြောက်နှင့် စက်လှော်ခြောက်ဟူသော နည်းစနစ်များဖြင့်  ပြုလုပ်ကြကြောင်း  သိရှိရသည်။ ယခုအချိန် တွင် နမ့်ဆန်မြို့နယ်မှ ထွက် ရှိလာသည့် လက်ဖက်စိုနှင့် လက်ဖက် ခြောက်များကို  တံဆိပ်မျိုးစုံ၊ အမယ်အမျိုးစုံဖြင့် မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။               

နန်းဌေးကျော်ဝင်း