Main menu

Background

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးကွက်

Tue, 05/23/2023 - 13:39 -- journal_editor

မော်လမြိုင်မြို့၌    မေလတတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်   ပုံမှန်ရှိ နေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်   ပုံမှန်ဖြစ်နေသော ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၂၀ဝ၀၊ ဆင်(ထိုင်း)   ကျပ် ၁၆၅၀ဝ၊  ကြံ့တံဆိပ် (အပြာ)ကျပ်   ၁၁၂၀ဝ ဖြင့်  အရောင်းအဝယ်ဖြစ် နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ် ဆေးဈေးနှုန်းမှာ အရောင်းအဝယ် အေးနေပြီး ဈေး နှုန်းအနည်းငယ်  မြင့်တက်လာကြောင်း   သိရှိရ သည်။  အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ကွန် ပေါင်း (မြန်မာ့သြဘာရွှေကောမက်) ၁၅း၁၅း၁၅ 50Kg ပါတစ်အိတ် ကျပ် ၁၂၄၀ဝ၀၊ ကွန်ပေါင်း ၂၀း ၁၂း၁၂ 50Kg  ပါ  တစ်အိတ်မှာ  ကျပ် ၁၃၅၀ဝ၀၊ ကွန်ပေါင်း (Thai Grow How) ၁၅း၁၅း၁၅ 50Kg  ပါတစ်အိတ် ကျပ် ၁၃၀ဝ၀ဝ၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE)50 Kg ပါ  တစ်အိတ် ကျပ် ၇၅၀ဝ၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50Kg ပါ  တစ် အိတ် ကျပ် ၈၃၀ဝ၀၊ ပိုတက် (အာမို)  50Kg တစ် အိတ် ကျပ်၁၂၃၀ဝ၀၊ ပိုးသတ်ဆေးအမျိုးအစားဖြစ် သည့် မာလာမြိုင်ဆိုက်ပါ ၁၀%(သီးရွက်စုံ) 100CC ပါ တစ်ပုလင်း ကျပ် ၃၁၀ဝ၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500CC ပါ တစ်ပုလင်း ကျပ်  ၁၃၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိ ရသည်။

မွန်ပြည်နယ်အတွင်းရှိ  ရော်ဘာအဝယ်ဒိုင် များအနေဖြင့် အပတ်စဉ် အရောင်းအဝယ် ပုံမှန် ရှိနေသည်။ ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင် RSS-3 ကျပ် ၁၀၈၀၊RSS-5  တစ်ပေါင်လျှင်  ကျပ် ၁၁၀ဝ ပေါက်ဈေးရှိခဲ့ပြီး ယခုမေ  ၁၈ ရက်မှ၂၂ ရက်ထိဈေးနှုန်း မှာRSS-3 တစ်ပေါင်လျှင် ကျပ် ၁၄၀ဝ၊ RSS-5  တစ်ပေါင်လျှင် ကျပ်   ၁၃၀ဝ ပေါက်ဈေးရှိနေကြောင်း သိရသည်။ မော်လမြိုင်မြို့ မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50Kg)ပါ   တစ်ထုပ်လျှင် ကျပ် ၁၅၀ဝ၊ ရော်ဘာတစ်တန်လျှင် ကျပ် ၃၀ဝ၀ဝ ဖြင့်လည်းကောင်း၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ 50Kg ပါ တစ်ထုပ်လျှင် ကျပ် ၂၅၀ဝ၊ ရော်ဘာ တစ်တန်လျှင် ကျပ် ၅၀ဝ၀ဝဖြင့် သယ်ယူပို့ဆောင် ပေးရကြောင်း ရော်ဘာကုန်သည် များထံမှ သိရှိရ သည်။                      

အောင်မြင့်မြတ်(မွန်)