Main menu

Background

ယခုဘဏ္ဍာနှစ်မိုးရာသီအတွက် ဓာတ်မြေဩဇာ တန်ချိန်၁ဒသမ ၂သန်းခန့် နှင့်ပိုးသတ်ဆေး တန်ချိန် ၃၈၀၀၀ ကျော် ခွင့်ပြထောက်ခံပေးရန် တင်ပြထား

Tue, 05/23/2023 - 13:50 -- journal_editor

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်   မိုးရာသီ အတွက် ကနဦးအနေဖြင့် ဓာတ်မြေသြဇာ တန်ချိန် ၁ ဒသမ ၂ သန်းခန့်နှင့်    ပိုးသတ်ဆေး တန်ချိန် ၃၈၀ဝ၀ ကျော် ခွင့်ပြုထောက်ခံပေးရန်  ယူရီးယား ဓာတ်မြေသြဇာ ဖြန့်ဖြူးရောင်းချရေး   ဦးဆောင် ကော်မတီသို့ တင်ပြထားကြောင်း    မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့်  စိုက်ပျိုးရေးလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
ပြည်တွင်း၌ ယခုဘဏ္ဍာနှစ် မိုးရာသီအတွင်း စိုက်ပျိုးမည့် စပါးအပါအဝင် အခြားသီးနှံ  ရှစ်မျိုး အတွက် လျာထားစိုက်ဧက ၂၂ ဒသမ ၄၈ သန်းရှိ ကြောင်း သိရသည်။   အဆိုပါ   စိုက်ပျိုးမြေများ အတွက် ယူရီးယား၊ ကွန်ပေါင်း၊ တီစူပါနှင့် ပိုတက် စုစုပေါင်း ဓာတ်မြေသြဇာ   တန်ချိန် ၂ ဒသမ ၈၇ သန်းခန့်နှင့် ပိုးသတ်ဆေး မတ်ထရစ်တန် ၃၄၄၈၉ တန် လိုအပ်နိုင်ခြေရှိနေကြောင်း သိရသည်။
ထို့ကြောင့် လိုအပ်နိုင်ခြေရှိ   စာရင်းများကို စိုက်ပျိုးရေးဦးစီးဌာနသို့    တင်ပြထားပြီး ယခုနှစ် မိုးရာသီအတွက် ဓာတ်မြေသြဇာ တန်ချိန် ၁ ဒသမ ၂ သန်းခန့်နှင့် ပိုးသတ်ဆေးတန်ချိန် ၃၈၈၅၀ တန် ကို ကနဦး ခွင့်ပြုထောက်ခံပေးနိုင်ရေး ဦးဆောင် ကော်မတီကို တင်ပြထားကြောင်း သိရသည်။ လက်ရှိတွင်    ဦးဆောင်ကော်မတီအနေဖြင့် ယူရီးယားဓာတ်မြေသြဇာ  တန်ချိန် ၁၁ ဒသမ ၂၂ သိန်းနှင့် ကွန်ပေါင်းဓာတ်မြေသြဇာ တန်ချိန်  ၁၁ ဒသမ ၁၁ သိန်း တင်သွင်းနိုင်ရန် ယခု ၂၀၂၃ ခုနှစ်၊ ဧပြီလကုန်အထိ   စိစစ်ထောက်ခံဆောင်ရွက်ပေး ခဲ့ပြီးဖြစ်သည့်အပြင် ပိုးသတ်ဆေးများ  တင်သွင်း နိုင်ရန်ကိုလည်းထောက်ခံပေးခဲ့ကြောင်းသိရသည်။ ယင်းအပြင်   တောင်သူများအတွက် စံချိန် စံညွှန်းပြည့်မီသည့် ဓာတ်မြေသြဇာများ၊ ပိုးသတ် ဆေးများကို ဈေးနှုန်းသက်သာစွာဖြင့် အချိန်မီ ဖြန့် ဖြူးရောင်းချနိုင်ရေးကိုလည်း     ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဦးဆောင်ကော်မတီအနေဖြင့်   ရည်ညွှန်း ဈေးနှုန်းများကိုလည်း   နှစ်ပတ်လျှင်  တစ်ကြိမ် နေပြည်တော်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များထံ သို့ ၂၀၂၃ ခုနှစ်၊    ဇန်နဝါရီ ၂၆ ရက်မှစတင်ကာ  ထုတ်ပြန်ပေးလျက်ရှိရာ ယခုအချိန်ထိ   (၇)ကြိမ် မြောက် ထုတ်ပြန်ပြီးဖြစ်ကာ ယူရီးယား ၅၀ ကီလို တစ်အိတ်လျှင် ၇၆၀ဝ၀ကျပ်၊ ကွန်ပေါင်း တစ်အိတ် လျှင်၁၂၀ဝ၀ဝကျပ်နှုန်းဖြင့်ရန်ကုန်အထိုင်ဈေးနှုန်း အဖြစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရ သည်။
ထိုသို့ ရောင်းချရာတွင်လည်း တောင်သူများ အတွက် ပြင်ပပေါက်ဈေးအောက် ၃ ရာခိုင်နှုန်းမှ ၅ရာခိုင်နှုန်း လျှော့ချ၍ရောင်းချနိုင်ရန် စီမံဆောင် ရွက်ပေးလျက်ရှိပြီး ယခုဆိုလျှင် နိုင်ငံတကာဈေး နှုန်းမှာ ယူရီးယားမြေသြဇာ တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၃၀ဝ နှင့် ၄၀ဝ ကြား တည်ရှိနေသည့် အတွက် လာမည့်မိုးစပါးရာသီတွင် သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး မျှော်မှန်းထား ကြောင်းသိရသည်။ 
 

ပန်းဆု