Main menu

Background

ပြည်မြို့နယ်အတွင်းရှိ ဝါး/ဝါးကပ်ဈေးကွက်

Tue, 05/23/2023 - 14:19 -- journal_editor

ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင်အတွင်းသို့ ဝါး/ဝါးကပ်များ နေရာအနှံ့အပြားမှ ဝင်ရောက် လျက်ရှိရာ ရခိုင်ရိုးမလမ်းပေါ်ရှိ ညောင်ချိုးဒေသ မှထွက်ရှိသော  ခရင်ဝါးမှာ  အခေါင်းပွသော ကြောင့်  ထရံရက်လုပ်ရာတွင် အသုံးပြုသည်။ ခရင်ဝါးကို ရခိုင်ပြည်နယ်တွင် အများဆုံး တွေ့ ရှိရသည်။ ရခိုင်လူမျိုး အများစုအနေဖြင့် ခရင်း ဝါးကို အလုံးလိုက်သော်လည်းကောင်း၊ ငြမ်းဆင် ရာတွင်လည်းကောင်း အသုံးပြုကြသည်။ ပြည် ခရိုင်အတွင်းရှိ  ဝါး၊ ဝါးကပ်ဆိုင်များအနေဖြင့် ခရင်ဝါးကို ထရံရက်လုပ်ရာတွင် အသုံးပြုသည်။  ခရင်ဝါးသည် အအေးပိုင်းဒေသတွင်သာ ပေါက်ရောက်ပြီး မျိုးစေ့မှာ မက်မန်းသီးအရွယ် ခန့်ရှိကာ စ၍အပင်ပေါက်ခါစ နှစ်နှစ်အကြာတွင် ဝါးပင်ကို အသုံးပြု၍ရသည်။ ခရင်ဝါး တစ်ပင် လျှင် နှစ် ၅၀ ခန့် သက်တမ်းရှိကြောင်းလည်း သိရှိ ရ သည်။ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းမှ ထွက်ရှိသော တင်းဝါး၊  သနက်ဝါးတို့နှင့် အရည် အသွေးတူညီမှုရှိသော်လည်း ခရင်းဝါးမှာ ဝါး ကြော မာသောကြောင့်   ထရံရက်လုပ်ရာတွင် အများဆုံး အသုံးပြုကြောင်း သိရှိရသည်။ ပြည် ခရိုင်အတွင်းမှ ထွက်ရှိသော မျှင်ဝါးကိုမူ ဝါးကပ် အနေဖြင့် အသုံးမပြုကြောင်း သိရှိရသည်။ ဝါး၊ ဝါးကပ်များကို  ၁၂ ဘီးကားဖြင့် တစ်ခေါက်သယ် ယူလျှင် ဝါးအလုံးရေ  ၂၀ဝ၀ ခန့် နှင့် ဝါးကပ် အချပ်ရေ ၉၀ဝ ခန့် သယ်ယူနိုင်ကြောင်းလည်း သိရှိရသည်။ ညောင်ချိုးဒေသမှ ထွက်ရှိသော ခရင်းဝါး တစ်လုံးလျှင် ကျပ် ၂၅၀ ခန့်ရှိပြီး ဝါးကပ်တစ် ချပ်လျှင် ကျပ်  ၇၅၀-၈၀ဝ ခန့် ရောင်းချကြောင်း သိရှိရသည်။ မျှင်ဝါး(အိမ်သုံးဝါး) ဈေးနှုန်းအနေ ဖြင့် တစ်လုံးလျှင်  ကျပ် ၄၀ဝ ခန့်နှင့် မျောတစ်လုံး လျှင် ကျပ် ၁၅၀ဝ ဖြင့် ရောင်းချကြောင်း သိရှိရ သည်။

ယဉ်သိမ့်နွေး (ပြည်)