Main menu

Background

မြန်မာ့ပထမဆုံး ထောပတ်သီး သန့်စင်ထုပ်ပိုးသည့် စက်ရုံကို လာမည့် ထောပတ်သီးရာသီတွင် စတင်လည်ပတ်နိုင်ရန် စီစဉ်နေ

Tue, 06/20/2023 - 16:03 -- journal_editor

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် တည်ဆောက်လျက်ရှိသော မြန်မာ့ပထမဆုံး ထောပတ်သီး သန့်စင်  ထုပ်ပိုးသည့် စက်ရုံကို လာမည့် ထောပတ်သီးရာသီတွင် စတင်လည်ပတ်နိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။
လက်ရှိတွင် အဆိုပါစက်ရုံကို   တည်ဆောက်ထားပြီးဖြစ်ကာ စက်ပစ္စည်းများ တပ်ဆင်ရန်သာ ကျန်ရှိပြီး အဆိုပါ  စက်ပစ္စည်းများ တပ်ဆင်နိုင်ရန်အတွက် သိန်း ၈၀ဝ၀ ကျော်ခန့်   ကုန်ကျမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါစက်ရုံ လည်ပတ်နိုင်ပြီဆိုပါက အရည်အသွေးပြည့်မီ သည့် မြန်မာထောပတ်သီးများ ပြည်ပတင်ပို့နိုင်ပြီး ဈေးကွက်လည်း မြင့်လာကာ ဈေးကောင်းရရှိလာမည်ဖြစ်ကြောင်း သိရသည်။
ယင်းစက်ရုံသည် မြန်မာနိုင်ငံအတွင်း ပထမဆုံး တည်ဆောက် သည့်စက်ရုံဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းက ထောပတ်သီးစိုက်တောင် သူများ၊လုပ်ငန်းရှင်များသာမက  ကျန်ရှိသည့် ထောပတ်စိုက် တောင် သူများကိုပါ ဝန်ဆောင်မှုပေးနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။    
မြန်မာ့ထောပတ်သီးကို လက်ရှိတွင် နယ်စပ်မှနေ၍ MoU စနစ်ဖြင့် မလေးရှားနိုင်ငံသို့ တင်ပို့လျက်ရှိကာ ပြည်ပသို့ နှစ်စဉ် တစ် ရာသီလျှင် ထောပတ်သီးတန်ချိန် ၃၀ဝ၀ခန့် တင်ပို့မှုရှိကြောင်း သိရသည်။ ဆက်လက်၍လည်း ထိုင်းနှင့် တရုတ်နိုင်ငံတို့သို့ G to G စနစ် ဖြင့် ထောပတ်သီး တရားဝင်တင်ပို့ခွင့်ရရှိရေး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆွေးနွေးမှုများ   လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် နယ်သာလန်၊ ပြင်သစ်၊ ဒူဘိုင်းတို့ကိုလည်း  ထောပတ် သီး နမူနာများ စမ်းသပ်တင်ပို့လျက်ရှိကာ  လာမည့်ဘဏ္ဍာနှစ်တွင် အိန္ဒိယသို့လည်း နယ်စပ်မှတစ်ဆင့် တင်ပို့နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ပြည်တွင်း၌ ထောပတ်သီးကို ရှမ်းပြည် (တောင်ပိုင်းနှင့်မြောက် ပိုင်း)၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ကရင်ပြည်နယ်၊ မြစ်ကြီးနား၊ ချင်းပြည် နယ်တို့တွင် အဓိက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပန်းဆု