Main menu

Background

ပြည်တွင်း ရွှေရည်ညွှန်းဈေး ကျပ် ၂၂ သိန်းကျော်ရှိ

Mon, 07/03/2023 - 12:22 -- journal_editor

လက်ရှိ   ပြည်တွင်းရွှေရည်ညွှန်းဈေးမှာ ကျပ် ၂၂ သိန်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းများအနေဖြင့် ဇွန် ၂၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၂၅၉၆၀ဝ၊ ၂၄ ရက်တွင်  ကျပ် ၂၂၆၃၁၀ဝ၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကျပ် ၂၂၇၁၄၀ဝ၊ ၂၈ ရက်တွင် ကျပ် ၂၂၅၁၄၀ဝ၊ ၃၀ ရက်တွင် ကျပ် ၂၂၄၇၈၀ဝ ဖြစ်ကြောင်း သိရသည်။
ထို့အတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇွန် ၂၃ ရက်တွင် ၁၉၁၈ ဒေါ်လာ၊ ၂၄ ရက်တွင် ၁၉၂၁ ဒေါ်လာ၊ ၂၆ ရက်နှင့် ၂၇ ရက်တွင် ၁၉၂၈ ဒေါ်လာ၊ ၂၈ ရက် တွင် ၁၉၁၁ ဒေါ်လာ၊ ၃၀ ရက်တွင် ၁၉၀၈ ဒေါ်လာဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ရွှေဈေးနှုန်းတည်ငြိမ်စေ ရေး  ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး မန္တလေးတွင်ရှိသည့် ရွှေဆိုင်များနှင့် ရွှေ သန့်စင်လုပ်ငန်းအချို့ကို သွားရောက်စစ်ဆေးခဲ့ရာ ပြည်ပနှင့် တရားမဝင် နိုင်ငံခြား ငွေလွှဲပို့ခြင်းလုပ်ငန်းများ ပြုလုပ်နေကြောင်း သံသယဖြစ်ဖွယ် အထောက်အထားများ တွေ့ရှိရသည့်အတွက်  အရေးယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသည်။
ရွှေနှင့် ငွေကြေးဈေးကွက်  စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်း ကော်မတီအနေဖြင့် ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပြင် အခြား သော အဖွဲ့အစည်းများနှင့် ပြီးခဲ့သည့် ဇွန် ၁ ရက်နှင့် ၂ ရက်တို့တွင် ရွှေဆိုင်များထံ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက်  ယခုကဲ့သို့ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။    

ပန်းဆု