Main menu

Background

ပြည်ပသို့ ကော်ဖီအသီးအစိမ်း တန်ချိန် ၁၈၀ တင်ပို့ထား

Mon, 07/03/2023 - 13:57 -- journal_editor

ပြည်ပနိုင်ငံများသို့   ယခု ၂၀၂၃ခုနှစ်အတွင်း ကော်ဖီအသီး အစိမ်း တန်ချိန် ၁၈၀ တင်ပို့ထားကြောင်း ရှမ်းပြည်နယ် ကော်ဖီ စိုက် ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)မှထွက်ရှိသည့်ကော်ဖီများကိုပြည်ပ သို့ အသီးစေ့အကြမ်းခြောက်နှင့် အသီးအစိမ်းများဟူ၍ အမျိုးအစား နှစ်မျိုး ခွဲခြားတင်ပို့နေခြင်းဖြစ်သည်။
လက်ရှိတွင် ကော်ဖီစေ့အကြမ်းခြာက်   တန်ချိန် ၂၃၀ နှင့် ကော်ဖီအသီးစိမ်း တန်ချိန် ၁၈၀ခန့် ဥရောပနှင့်အာရှနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းသိရသည်။ အဆိုပါကော်ဖီများကို ဥရောပနိုင်ငံ ဖြစ်သည့် ဘယ်လ်ဂျီယံနိုင်ငံသို့ အများဆုံး   တင်ပို့နေခြင်းဖြစ်ကာ ဂျပန်နိုင်ငံသို့ အနည်းငယ် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုရှမ်းတောင်ဒေသထွက် ကော်ဖီများကို  လွိုင်လင်နှင့် ဟိုပုံး မြို့နယ်အပါအဝင် ပင်းတယ၊ ရွာငံ၊ ကလောဒေသများတွင်  စိုက်ပျိုး လေ့ရှိပြီး အဆိုပါဒေသထွက် ကော်ဖီများသည်   အရည်အသွေး ကောင်း မွန်သည့် အထူးတန်းဝင် ကော်ဖီများဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ ကော်ဖီကို ရှမ်းပြည်နယ်အပြင်  ပြင်ဦးလွင်၊ ချင်း ပြည်နယ်၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်လည်း စိုက်ပျိုး ကြပြီး ပြည်ပဈေးကွက်ရရှိသည့် ကော်ဖီသီးနှံကို လာမည့်နှစ်များတွင် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
 

ပန်းဆု