Main menu

Background

ရှမ်းတောင်ကြက်သွန်ဖြူ၏ရှေ့ခရီး

Mon, 07/03/2023 - 14:01 -- journal_editor

ကြက်သွန်ဖြူတွင် တရုတ်မျိုးနှင့်ရှမ်းတောင်မျိုး ဟူ၍ နှစ်မျိုးရှိသည်။ ဈေးကွက်အခေါ် ကြူကုတ်ကြက် သွန်ဖြူမှာ အရွယ်အစားကြီးမား၍ အမြွှာကြီးပြီး ရှမ်း မြောက်ဒေသတွင် စိုက်ပျိုးမှုများသည်။ အခွံအရောင်မှာ မရန်းစေ့ရောင်အစင်းကျားများပေါ်နေပါသည်။ဒေါင်းဥ တစ်လုံးမှာ မရန်းစေ့ရောင်ဖြစ်ပါသည်။   ရှမ်းတောင် ကြက်သွန်ဖြူမှာ ရှမ်းတောင်တစ်ဝန်းအစိုက်များသည်။ စိုက်ပျိုးသည့်ဒေသမှာများ ပင်လောင်း၊ တောင်တရား၊ တီဂျစ်၊ ဟိုပုံးနှင့် ဆိုက်ခေါင်  စသည့်   ဒေသများဖြစ်ပါ သည်။ အရောင်မှာ အဖြူရောင်ဖြစ်ပြီး ဒေါင်းဥတစ်လုံး မှာလည်း အဖြူရောင်ဖြစ်ပါသည်။  ဈေးကွက်သဘော အရ ကြက်သွန်ဖြူအရွယ်အစားအလိုက် အဆင့်ခွဲခြား ထားရာတွင် ထူး(၁)မှ ထူး(၅) ထူးလွန်အထိ ခြောက်မျိုး ခန့်ရှိသည်။ ဒေါင်းဥတစ်လုံးနှင့်ဆိုလျှင် ခုနစ်မျိုးခန့်ရှိ သည်။
ကြက်သွန်ဖြူမှာ အလွန်ဆေးဖက်ဝင်သော စားဖို ဆောင်သီးနှံတစ်မျိုးဖြစ်သည်။ သွေးတွင်းအဆီဓာတ်ကို ကျဆင်းစေနိုင်ပါသည်။  ကြက်သွန်ဖြူကို ရောဂါကာ ကွယ်မှုနှင့်အကျိုးပြု   ကယ်လိုရီများထက် ဟင်းချက်ရာ တွင် အနံ့ကောင်းသည်ဆိုသည့်  အသိတစ်ခုဖြင့် သုံးစွဲ ကြခြင်းဖြစ်သည်။
ကြက်သွန်ဖြူကို    သြဂုတ်လမှ စက်တင်ဘာလ အတွင်း စိုက်ပျိုးရန် မြေပြုပြင်ခြင်းပြုလုပ်ကြ၍အောက် တိုဘာလနှင့် နိုဝင်ဘာလတွင် စိုက်ပျိုးကြပြီး ဒီဇင်ဘာလ နှင့် ဇန်နဝါရီလများတွင် အပင်များ ပြုစုစောင့်ရှောက်ပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် တူးဖော်ရောင်းချကြ သည်။ ကြက်သွန်ဖြူ၏သဘာဝအရ  မြေသြဇာ ကောင်း မွန်သည့် မြေနုမြေပွများတွင် စိုက်ပျိုးထွက်ရှိသည့် အပွစ (တောင်ကြီးစ)ဟူ၍ခေါ်တွင်ပြီး မြေနီ၊ မြေကျစ်တွင် စိုက် ပျိုးထွက်ရှိသည့် အကျစ်စ (အောင်ပန်းစ)ဟူ၍   နှစ်မျိုး ခွဲခြားရောင်း ဝယ်လျက်ရှိသည်။ တောင်ကြီးစ၏ အရည် အသွေးမှာ သိုလှောင်မှုနှင့်မကိုက်ညီဘဲ  ချက်ချင်းရောင်း ဝယ်ပြုလုပ်ကြရသည်။ ဈေးအတက်အကျအရ တွက်ခြေ မကိုက်ဘဲ သိုလှောင်မိပါက အလေးချိန် လျောကျခြင်း၊ အလေအလွင့်များခြင်းတို့ကြောင့်   ဈေးကွက်လူကြိုက် နည်းပါသည်။ အကျစ်စ(အောင်ပန်းစ)မှာ သိုလှောင်မှု နှင့် ကိုက်ညီပြီး တာရှည်သိုလှောင်နိုင်၍ အလေအလွင့် နည်းခြင်း၊ ဈေးအတက်အကျကို စောင့်နိုင်ခြင်းတို့ကြောင့် လူကြိုက်များသည်။
ကြက်သွန်ဖြူဈေးမှာ  ယခုနှစ်ပေါ်ချိန် မတ်လ ကျော်မှစ၍  အနိမ့်ဈေး ကျပ် ၁၈၀ဝ မှ အမြင့်ဈေး ကျပ် ၃၅၀ဝ ခန့်၊ ဧပြီလတွင် အနိမ့်ဈေး ကျပ် ၂၅၀ဝ မှ အမြင့် ဈေး ကျပ် ၄၂၀ဝ ခန့်၊ မေလတွင် ကျပ် ၃၂၀ဝမှ ၆၀ဝ၀ ခန့်နှင့် ဇွန်လတွင် ယခုပေါက် ဈေး ကျပ် ၆၈၀ဝ မှ ကျပ် ၉၀ဝ၀ ထိ ဈေးတက်လာသည်။ ဈေးကွက်သဘောအရ ပစ္စည်းကျန်ရှားပါး၍ အဝင်နည်းလျှင် ဈေးကွက်လိုအပ်မှု ရှိ၍  ဈေးနှုန်းမြင့်တက်လေ့ရှိသည်။ ယခုနှစ်တွင် စိုက် ဧက လျော့ကျလာခြင်း၊ သွင်းအားစု ဈေးကြောင့်အထွက် နှုန်းလျော့ကျခြင်းတို့ကြောင့်  လည်းကောင်း၊ စိုက်ဧက လျော့၍ အထွက်နှုန်းကျဆင်းပြီး ဈေး ကွက် လိုအပ်ချက် ကို ဖြည့်ဆည်းနိုင်ခြင်းတို့ကြောင့် ဈေးနှုန်းအတက် ဘက်ကို ဦးတည်နေသည်။
သြဂုတ်လမှ စက်တင်ဘာလတို့တွင် စိုက်ပျိုးချိန် ရောက်တော့မည်ဖြစ်သဖြင့် မျိုးအတွက် ချန်ထားသူများ တစ်ဧကပိဿာ ၂၅၀ ခန့် မျိုးစိုက်ထည့်ရမည်ဖြစ်၍ ယခု ကြက်သွန်ဖြူပေါက်ဈေးနှင့်ဆိုလျှင်     တောင်သူတချို့ ရင်းနှီးစိုက်ပျိုးနိုင်ရန် မလွယ်ကူနိုင်ကြောင်း သိရသည်။

တင်ဌေး (အောင်ပန်း)