Main menu

Background

ရွှေဘိုမြို့တွင် ရောင်းချနေသော  အခြေခံစားကုန်  ဈေးနှုန်းများ

Mon, 07/17/2023 - 16:06 -- journal_editor

ဇူလိုင်လ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်၌ အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် ကျပ် ၄၈၀ဝ၊ ဧရာမင်းဆန် တစ်ပြည် ကျပ် ၄၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ(သစ်) လက်လီဈေးမှာ(ကြီး) တစ်ပိဿာ ကျပ် ၂၀ဝ၀၊ (လတ်)  တစ်ပိဿာ ကျပ် ၁၈၀ဝ၊ (သေး) တစ်ပိဿာ ကျပ် ၁၅၀ဝ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ) တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ မှ ကျပ် ၉၀ဝ၀ ထိ၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၇၀ဝ၀ မှ ကျပ် ၈၀ဝ၀ ထိ၊ (ကြူကုပ်) တစ်ပိဿာ ကျပ် ၆၀ဝ၀ မှ ကျပ် ၇၀ဝ၀ ထိ၊ ချင်း တစ်ပိဿာ ကျပ် ၈၀ဝ၀ မှ ကျပ် ၁၀ဝ၀ဝ ထိ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ကျပ် ၁၇၀ဝ၀ မှ ကျပ် ၁၈၀ဝ၀ ထိ၊ အာလူးတစ်ပိဿာ ကျပ် ၂၈၀ဝ မှ ကျပ် ၃၆၀ဝ ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၁၈၀ဝ ဖြင့် အရောင်း အဝယ်ဖြစ်နေသည်။
ကြက်ဥလက်လီဈေးနှုန်းမှာ (ကြီး) တစ်လုံး ကျပ် ၃၀ဝ၊ (သေး) တစ်လုံး ၂၅၀ ကျပ်၊ ဘဲဥ (ကြီး) တစ်လုံး ၃၅၀ ကျပ်၊ (သေး)တစ်လုံး ကျပ် ၃၀ဝ ရှိသည်။ ရွှေဘိုမြို့ ၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ မှ ကျပ် ၁၂၀ဝ၀ ထိ၊ ကြက်သား (ဗမာ) တစ်ပိဿာ ကျပ် ၁၃၀ဝ၀ မှ ကျပ် ၁၅၀ဝ၀ ထိ၊  ဝက်သား တစ်ပိဿာ ကျပ် ၂၀ဝ၀ဝ မှ ကျပ် ၂၂၀ဝ၀ ထိ၊ အမဲသား တစ်ပိဿာ ကျပ် ၁၄၀ဝ၀ မှ ကျပ် ၁၆၀ဝ၀ ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ကျပ် ၇၅၀ဝ၊ ငါးကြင်း တစ်ပိဿာ ကျပ် ၇၀ဝ၀ ဖြင့် ရောင်းဝယ်နေကြောင်း သိရ သည်။
စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာ လျှင် ကျပ် ၁၅၀ဝ၀၊  စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ နှင့် နှမ်းဆီတစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

အေးသိင်္ဂီစိုး(ရွှေဘို)