Main menu

Background

ရွှေရည်ညွှန်းဈေးကျပ် ၂၁၄၅၃၀၀ရှိ

Tue, 10/10/2023 - 11:30 -- journal_editor

ပြည်တွင်း ရွှေရည်ညွှန်းဈေးမှာ အောက်တိုဘာ ၆ ရက် ပေါက်ဈေးအရ ကျပ်သိန်း ၂၁၄၅၃၀ဝ ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် ၁၈၂၁ ဒေါ်လာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်းဈေးနှုန်းများအနေဖြင့် စက် တင်ဘာ ၂၉ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၂၀၆၀ဝ၀၊ ၃၀ ရက်တွင် ကျပ် ၂၁၇၈၃၀ဝ၊ အောက်တိုဘာ ၂ ရက်တွင် ကျပ် ၂၁၆၇၇၀ဝ၊ ၃ ရက်တွင် ကျပ် ၂၁၄၈၉၀ဝ၊ ၄ ရက်တွင်  ကျပ် ၂၁၄၇၇၀ဝ၊ ၅ ရက်တွင် ကျပ် ၂၁၄၅၃၀ဝ  ဖြစ်သည်။
ထို့အတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ စက် တင်ဘာ ၂၉ ရက်တွင် တစ်အောင်စလျှင် ၁၈၇၃ ဒေါ်လာ၊ ၃၀ ရက်တွင် ၁၈၄၉ ဒေါ်လာ၊  အောက်တို ဘာ ၂ ရက်တွင် ၁၈၄၀ ဒေါ်လာ၊ ၃ ရက်တွင် ၁၈၂၄ ဒေါ်လာ၊ ၄ ရက်တွင် ၁၈၂၃ ဒေါ်လာ၊ ၅ ရက်တွင် ၁၈၂၁ ဒေါ်လာဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနှင့်  လက်ရှိတွင် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီဖြင့် ရွှေဈေးနှုန်းတည်ငြိမ် စေရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး လိုင်စင်လျှောက်ထားခြင်းမရှိဘဲ ဖွင့်လှစ် ထားသည့် ရွှေဆိုင်များကို အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။                                                                                            

  ပန်းဆု