Main menu

Background

မော်လမြိုင်ဘိလပ်မြေ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးကွက်

Tue, 10/10/2023 - 12:31 -- journal_editor

မော်လမြိုင်မြို့၌ အောက်တိုဘာလ ဒုတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းဝယ်ပုံမှန် ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲ  အရောင်းအဝယ်ဖြစ်နေသော  ဈေးမှာ  ယခုတစ်ပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၀၅၀ဝ၊ ဆင်(ထိုင်း)ကျပ် ၁၀၆၀ဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၀၄၀ဝ ဖြင့်  အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။  ဈေးကွက်ထဲအရောင်းအဝယ်ဖြစ် နေသောဈေးမှာ ယခုတစ်ပတ်တွင် ကွန်ပေါင်း(မြန်မာ့သြဘာ ရွှေကောမက်) ၁၅း၁၅း၁၅ ၅၀ါု ပါတစ်အိတ် မှာ ကျပ် ၁၆၀ဝ၀ဝ၊ ကွန်ပေါင်း  20;12;12 50kg  ပါတစ်အိတ်မှာ ကျပ် ၁၃၉၀ဝ၀၊ ကွန်ပေါင်း Thai Grow How) 15;15;15 50kg  ပါတစ်အိတ်မှာ ကျပ် ၁၇၀ဝ၀ဝ၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE)50kg  ပါ တစ်အိတ်မှာ ကျပ် ၈၈၀ဝ၀၊  ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100 CC   ပါ ၁ ပုလင်းမှာ ကျပ် ၃၁၀ဝ၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500 CC  ပါ တစ်ပုလင်းတွင် ကျပ် ၁၃၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ပုလဲ(အကြီး) ၄၆%ထိုင်း(မြင်းပျံ)နှင့် ပိုတက် (အာမို)  အမျိုးအစားများမှာ ဈေးကွက်တွင် ပြတ်လပ်နေကြောင်းသိရှိရသည်။
မွန်ပြည်နယ်တွင် အောက်တိုဘာလဆန်းမှစ၍ရော်ဘာစေး ခြစ်ခြင်းလုပ်ငန်းစတင်ရန်အတွက် ပြင်ဆင်နေသည်။  မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ် ပုံမှန်ရှိနေပြီး ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင်RSS-3  ကျပ် ၁၀၈၀၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၁၀ဝ ခဲ့ပြီး အောက်တိုဘာ  ၅ ရက် မှ ၉ ရက်ထိ ရော်ဘာဈေးနှုန်းမှာRSS-3  ကျပ် ၁၆၃၀၊RSS-5 ကျပ် ၁၆၀ဝ ရှိနေကြောင်း သိရသည်။ ယခင်တစ်ပတ် အလားတူကာလ RSS-3  ကျပ် ၁၇၀ဝ၊   ျွှ-၅ ကျပ် ၁၆၇၀ နှင့် နှိုင်းယဉ်ပါက တစ်ပေါင်လျှင် ကျပ် ၇၀  ခန့်ဈေးကျပြီး ယခင်နှစ်အလားတူကာလRSS-3 ကျပ် ၁၅၁၀၊ RSS-5 ကျပ် ၁၄၆၀  ဈေးနှုန်နှင့်နှိုင်းယှဉ်ပါက တစ်ပေါင်လျှင် ကျပ် ၉၀ ခန့်ဈေးနှုန်း တက်လာ ကြောင်း သိရသည်။ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50Kg) ပါ တစ်ထုပ်လျှင် ကျပ် ၁၇၅၀ ၊ ရော်ဘာတစ်တန်လျှင်  ကျပ် ၃၅၀ဝ၀ ၊ ဖြင့်လည်းကောင်း၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ (50Kg) ပါ တစ်ထုပ်လျှင်  ကျပ် ၂၇၅၀၊ ရော်ဘာတစ်တန်လျှင် ကျပ်  ၅၅၀ဝ၀  ဖြင့် သယ်ယူပို့ဆောင်ပေး ရကြောင်း ရော်ဘာကုန်သည်များထံမှ သိရှိရသည်။                              

 

            အောင်မြင့်မြတ် (မွန်)