Main menu

Background

ပြည်ဈေးကွက်၏ နှမ်းသီးနှံ ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Tue, 11/07/2023 - 10:59 -- journal_editor

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် နှမ်းဈေးများအနေဖြင့် နှမ်းနီ တစ်တင်းလျှင် ကျပ် ၇၃၀ဝ၀၊  နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၆၀ဝ၀ နှင့် စမုံနက်နှမ်း တစ်တင်းလျှင် ကျပ် ၈၈၀ဝ၀ ဖြင့် ဈေး စတင်ဖွင့်ခဲ့ သည်။ ဖေဖော်ဝါရီလတွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၈၃၀ဝ၀၊ နှမ်း နက်တစ်တင်းလျှင်  ကျပ် ၉၃၀ဝ၀ နှင့်  စမုံနက်နှမ်း တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀ အထိ ဈေးများမြင့်တက်လာခဲ့သည်။ နွေနှမ်းများ စိုက်ပျိုးချိန်ဖြစ်သဖြင့် ဈေးကွက်အတွင်း နှမ်းလက်ကျန်ရှားလာပြီး ရန်ကုန်၊ မန္တလေးဝယ်လက်များက အဝယ်ရှိသောကြောင့် ဈေးမြင့် တက်လာခဲ့သည်။ 
မတ်လနှင့် ဧပြီလတွင် နွေနှမ်းများ ဈေးကွက်ရောက်ချိန်ဖြစ် သော်လည်း ဈေးငြိမ်နေခဲ့သည်။ မေလ၊ ဇွန်လနှင့် ဇူလိုင်လတွင် မိုး နှမ်းများ စိုက်ပျိုးနေချိန်ဖြစ်၍ နှမ်းနီတစ်တင်းလျှင် ကျပ် ၈၈၀ဝ၀၊ နှမ်းနက်တစ်တင်းလျှင် ကျပ် ၉၆၀ဝ၀နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ကျပ် ၁၀၃၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ သြဂုတ်လနှင့် စက် တင်ဘာတွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၁၀၆၀ဝ၀ နှင့် စမုံနက်နှမ်း တစ်တင်းလျှင် ကျပ် ၁၁၆၀ဝ၀  ဖြင့် မိုးနှမ်းပေါ်စ အချိန်တွင် နယ်ဝယ် လက်နှင့် မန္တလေးဝယ်လက်များ အဝယ်လိုက်၍ ဈေးနှုန်းမြင့်တက်လာ ခဲ့သည်။ အောက်တိုဘာလ တတိယပတ်တွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၁၀၁၀ဝ၀၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀ နှင့် စမုံနက် နှမ်းတစ်တင်းလျှင် ကျပ် ၁၀၆၀ဝ၀ ဖြင့် ရောင်းချပြီး ယခုနိုဝင်ဘာလ ပထမပတ်တွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀၊ နှမ်းနက် တစ် တင်းလျှင် ကျပ် ၉၃၀ဝ၀ နှင့် စမုံနက်နှမ်း  တစ်တင်းလျှင် ကျပ် ၁၀၆၀ဝ၀ ဖြင့် မန္တလေးနှင့် အောင်လံဝယ်လက်များက ဝယ်ယူမှုရှိ သဖြင့် တစ်ရက်လျှင် သုံးတင်းဝင်အိတ် ၃၀ဝ ခန့် အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်တွင် နှမ်းစိုက်ဧက နည်းသွားသော်လည်း အထွက် နှုန်းကောင်း၍  ဈေးကောင်းရသောကြောင့် နှမ်းစိုက် တောင်သူများ အကျိုးအမြတ်ရရှိသော အချိန်ဖြစ်သည်။  နှမ်းကို အထွက်နှုန်းကောင်း မျိုးကောင်းများကို ရွေးချယ်၍ စိုက်ပျိုးမည်ဆိုပါက ပြည်တွင်းတွင် စားသုံးဆီဖူလုံမည့်အပြင် နှမ်းဆီကို အဆင့်မြှင့်တင်ပြီး နိုင်ငံခြားသို့ တင်ပို့မည်ဆိုပါက နိုင်ငံခြားဝင်ငွေလည်း  ရရှိလာနိုင်မည်ဖြစ်သည်။ ဆီစက်များအနေဖြင့်လည်း စားသုံးဆီကို အဆင့်မြှင့်တင်၍ ထုတ် လုပ်လာနိုင်ပါက အသေးစား၊ အငယ်စား၊ အလတ်စား ြှနျြ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

 

ဝေဝေမင်း(ပြည်)