Main menu

Background

ရန်ကုန်တိုင်းရွှေအသင်း ရွှေဈေးနှုန်း ကျပ် ၃၆ သိန်းကျော်ရှိ

Mon, 03/04/2024 - 10:21 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန် လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ကျပ် ၃၆ သိန်းကျော်ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။ ဈေးကွက်အတွင်း ရွှေဈေးနှုန်း မြင့်တက်လာခြင်း မရှိစေရန်အတွက် အသင်းသား၊ အသင်းသူများအနေဖြင့် ရွှေဈေးကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ရောင်း ဝယ်ပေးကြရန်နှင့် လက်ငင်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်ပြီး ပို၍ ရောင်းခြင်း၊ ဝယ်ခြင်းများ လုံးဝမပြုလုပ်ကြရန် YGEA က မေတ္တာရပ်ခံပန်ကြားလွှာ ထုတ်ပြန် ထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့်YGEA ၏ ရွှေဈေးနှုန်းများမှာ ဖေဖော်ဝါရီ ၂၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၆၃၉၆၀ဝ၊ ၂၄ ရက်တွင် ကျပ် ၃၆၆၃၀ဝ၀၊ ၂၆ ရက်တွင် ကျပ် ၃၆၆၁၂၀ဝ၊ ၂၇ ရက်တွင် ကျပ် ၃၆၆၃၀ဝ၀၊ ၂၈ ရက်တွင် ကျပ် ၃၆၅၅၈၀ဝ၊ ၂၉ ရက်တွင် ကျပ် ၃၆၆၅၅၀ဝ ဖြစ်ကြောင်း သိရသည်။ အလားတူ အဆိုပါ ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်း များအနေဖြင့် ဖေဖော်ဝါရီ ၂၃ ရက်တွင် တစ်အောင်စ ၂၀၂၂ ဒေါ်လာ၊ ၂၄ ရက်တွင် ၂၀၃၅ ဒေါ်လာ၊ ၂၆ ရက်တွင် ၂၀၃၄ ဒေါ်လာ၊ ၂၇ ရက်တွင် ၂၀၃၅ ဒေါ်လာ၊ ၂၈ ရက်တွင် ၂၀၂၈ ဒေါ်လာ၊ ၂၉ ရက်တွင် ၂၀၃၇ ဒေါ်လာဖြစ်ကြောင်း သိရသည်။
YGEA အနေဖြင့် ယခင်က ရွှေရည်ညွှန်းဈေးကို ဗဟိုဘဏ်၏ အမေရိကန် ဒေါ်လာ ရည်ညွှန်းဈေး ကျပ် ၂၁၀ဝ အပေါ်တွင် တွက်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုနောက်ပိုင်း ဘဏ်များအကြား ဗဟိုဘဏ်၏ အွန်လိုင်းဈေးကွက်မှနေ၍ ရောင်းဝယ်ကြသည့် အမေရိကန်ဒေါ်လာနှုန်းထားဖြင့် တွက်ချက် ထုတ်ပြန်နေခြင်း ဖြစ်သည်။                                                                                               
       

 

  ပန်းဆု