Main menu

Background

ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် ပိုမိုဖြစ်ထွန်းလာ

Mon, 06/03/2024 - 12:21 -- journal_editor

ရန်ကုန်မြို့ရှိ   အိမ်ရာ  အငှားဈေးကွက်အနေဖြင့် လုံးချင်း ငှားရမ်းမှုနည်းပါးနေပြီး ကျပ်နှစ်သိန်းမှ ငါးသိန်းကြား ရှိ အိမ်ခန်းများ အငှားသွက်နေကြောင်း အိမ်ခြံမြေ  အကျိုး ဆောင်များထံမှ သိရသည်။ 
ရန်ကုန်မြို့သို့ ရွှေ့ပြောင်းအခြေချနေထိုင်သူများ ယခု နှစ်ပိုင်းအတွင်း ပိုမိုများပြားလာသဖြင့် အိမ်ခြံမြေအဝယ်ထက် ငှားရမ်းသည့်ဈေးကွက် ပိုမိုအလုပ်ဖြစ်နေခြင်း ဖြစ်ကြောင်း လည်း အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။ 
]]ရပ်ကွက်တွေထဲမှာ ငှားမယ့်သူတွေက တန်းစီနေတာ ပဲ။ ငှားမယ့်သူကများပြီး ငှားမယ့်အိမ်က များများစားစား မရှိ တော့  အလုအယက် ငှားနေရတယ်။ ငှားရမ်းခဈေးကလည်း နည်းနည်းမြင့်လာတယ်။ ဒီလူမငှားရင် နောက်မှာ ငှားမယ့် သူတွေ တန်းစီနေတာဆိုတော့လေ}}ဟု ရန်ကုန်မြို့ရှိ အိမ်ခြံ မြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။
]]အခု နှစ်လလောက်ရှိပြီ။  အရောင်းအဝယ်အေးနေ တာ။ အဓိကအေးနေရတဲ့ အကြောင်းအရင်းကတော့ အခွန် တွေမှာ သေချာစစ်ဆေးမှုတွေ ရှိနေတယ်။Special Power, General Power တွေနဲ့ အခွန်မဆောင်ထားလို့ရှိရင် စာချုပ် မချုပ်ဘူးဆိုတဲ့ဟာတွေရှိတယ်။ ဒီဇင်ဘာ ၁ ရက်ကစပြီး ပြောင်းလဲလိုက်တာပေါ့နော်။ အရင်တုန်းကတော့ Special Power, General Power   တွေနဲ့ ချုပ်ခွင့်ပေးထားတယ်။ အခု နောက်ပိုင်းမှာSpecial Power, General Power  တွေက အခွန်ဆောင်ထားပြီးမှသာလျှင် ချုပ်ခွင့်ပေးတယ်}}ဟု အိမ် ခြံမြေဈေးကွက် အေးနေသည့်အပေါ်  မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဗဟိုဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က သုံးသပ် ပြောဆိုသည်။  
လက်ရှိတွင် လယ်ယာမြေ၊ အိမ်ခြံမြေအပါအဝင် မရွှေ့ မပြောင်းနိုင်သည့်ပစ္စည်းများ၏ ရောင်းချမှုအပြီး ကိုယ်စား လှယ်လွှဲ စာ (GPSP) ကို မှတ်ပုံတင်ပေးရန် ဦးစွာလျှောက်ထား ခွင့်မပြုတော့ကြောင်း မြို့တော် စာချုပ်စာတမ်းမှတ်တမ်းရုံး က အသိပေးထားသည်။ 
မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန်အက်ဥပဒေ အပါအဝင် သက်ဆိုင်ရာ အခွန်ဥပဒေများနှင့်အညီ ကျသင့်သည့်အခွန် များကို  အရင်ပေးဆောင်ပြီး ပိုင်ဆိုင်မှု အလွှဲအပြောင်းစာချုပ် စာတမ်းကို လာရောက်မှတ်ပုံတင်သည့် အချိန်မှသာ အထွေ ထွေကိုယ်စားလှယ်လွှဲစာGP SP)ကို  မှတ်ပုံတင်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ 

 

ကိုတိုး