ကရင်ပြည်နယ် ဘားအံမြို့တွင် ကျပ် ၅ ဒသမ ၉ ဘီလီယံ (ကျပ် ၅၉၀ဝ သန်း) ရင်းနှီးမြှုပ်နှံမည့် အဆင့်မြင့်ဈေး Hyper Market) ကို ဘားအံမြို့ အမှတ် (၂ ) ရပ်ကွက် ရွှေရင်မျှော်ဘုရားအနီးရှိ မြေနေရာတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းဈေးစီမံကိန်း တည်ဆောက်ရန်အတွက် မြေနေရာအား ဇူလိုင် ၄ ရက်က ပန္နက်ရိုက်ခဲ့ပြီး ယင်းအဆင့်မြင့်ဈေးတွင် ဆိုင်ခန်းပေါင်း ၁၆၄ ခန်း ပါဝင်ကာHyper Market udk Kayin State Development (Public) ကုမ္ပဏီလီမိတက်၏ ဦးဆောင် မှုဖြင့် အောင်ငွေဖူးကုမ္ပဏီလီမိတက်မှ မြေဧရိယာ ၃ ဒသမ ၆၄၂ ဧကပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းဈေးစီမံကိန်း၌ ၂၀ ပေ x ၅၀ ပေ x RC နှစ်ထပ် အဆင့်မြင့် လူနေဆိုင် ခန်း ၁၀ လုံး၊ ၃၀ ပေ x ၅၀ ပေ x RC နှစ်ထပ် အဆင့်မြင့်လူနေဆိုင်ခန်း တစ်လုံး၊ ၁၀ဝ ပေ x ၁၀ဝ ပေ x RC ၄ ထပ် အဆင့်မြင့်ဈေး အဆောက်အအုံများကို တာဝန် ယူတည်ဆောက်သွားမည်ဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာ ဈေးဆိုင်ခန်းများကို ဦးရာ လူစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးအရအဖွဲ့ထံမှ သိရ သည်။
ကိုတိုး