Myanmar Pay အသုံးပြုမှုကို စတင်နိုင်ရန်အတွက် အစီအစဉ် များ အား Production Testing ကို အဆင့် သုံးဆင့်ဖြင့် လာမည့် ဒီဇင်ဘာလတွင် စတင်အသုံးပြုနိုင်ရန် လျာထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရ သည်။
Myanmar Pay ပထမအဆင့် တွင် Dummy Merchant များ၊ ဒုတိယ အဆင့်တွင် Friendly Merchant များ ဖြင့် စမ်းသပ်ဆောင်ရွက်မည်ဖြစ်ပြီး တတိယအဆင့်အနေဖြင့် အများပြည် သူများ စတင်အသုံးပြုနိုင်ရေး Go-Live) ) ကိုဆောင်ရွက်မည်ဖြစ်ကာ Go-Live) ကို လာမည့် ဒီဇင်ဘာလတွင် လျာ ထားကြောင်း သိရသည်။
ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဆူးလေရုံးခွဲတွင် အောက်တိုဘာ ၁၅ ရက်က ကျင်းပသော မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Myanmar Pay (Digital Payment Switch) ရှေ့ ပြေး စမ်းသပ်ဆောင်ရွက်နေမှုများနှင့် အဖွဲ့ဝင်များ လိုက်နာရန် စည်းမျဉ်း စည်းကမ်းများ၊ ွ Go-Live သွားမည့် အစီအစဉ်များကို ကွင်းဆင်းစစ်ဆေး ခြင်းမှ သိရသည်။
Myanmar Pay (Digital Payment Switch) ပရောဂျက်အား ၂၀၂၁ ခုနှစ်က စတင်ပြင်ဆင်ခဲ့ပြီး ဆောင်ရွက်ရမည့်BusinessModel များ၊Infrastructure များ ညှိနှိုင်းပြင် ဆင်ခဲ့ရပြီး ၂၀၂၃ ခုနှစ်မှသာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ PayPlus Co.Ltd ကို အော်ပရေတာ အဖြစ် လည်းကောင်း၊ နည်းပညာပိုင်း ဆိုင်ရာကို Andaman Capital Partners ကိုလည်းကောင်း တာဝန်ပေးအပ်ခဲ့ ကြောင်း၊ Myanmar Pay (Digital Payment Switch) သည်National Level Project j ဖြစ်သည့်အတွက် ပြည် တွင်းသာမက ပြည်ပနှင့်ပါQR Payment များ ချိတ်ဆက် ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
Myanmar Pay QR သည် ယခု အခါ Pilot အခြေအနေအထိ ရောက်ရှိ လာနေပြီး အကောင်အထည်ဖော် ပြီးပါ က ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချ သူကိုယ်စား ငွေကောက်ခံ ရှင်းလင်း သည့် ဝန်ဆောင်မှုလုပ်ငန်းများ အသုံး ပြုသူများအကြား ငွေပေးချေမှုကို မတူ ညီသည့် Payment Platform များနှင့်ModelများကိုSwitching တစ်ခုတည် ဆောက်ပြီး အပြန်အလှန်ပေးချေမှုများ ပေးချေနိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်၍Security ပိုင်း၊ Monitoring ပိုင်း၊Settlement ပိုင်း အားကောင်းလာစေ ရန် ဆောင်ရွက်နေကြောင်း၊လက်တွေ့ဆောင်ရွက်မှုများကို ရှေ့ပြေးစမ်းသပ် ဆောင်ရွက်နေသောKBZ Pay AYA Pay OK$ Wave Money တို့မှ ၎င်း တို့၏Payment Platform များနှင့်Digital Payment Switch များအား ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရ သည်။
ကိုတိုး