Main menu

Background

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ရန်ကုန်မြို့တွင် သုံးရက်ကြာ ခင်းကျင်းပြသမည်

Wed, 12/04/2024 - 10:29 -- journal_editor

    တရုတ်နိုင်ငံ  Zhejiangပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း MGMA)နှင့် Chinese Textile & Garment Association In Myanmar(CTGA)တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ အထည် အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲကို  ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာတွင် ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ သုံးရက် ကြာ ခင်းကျင်းပြသမည်ဖြစ်သည်။ 
    ယင်းကုန်စည်ပြပွဲတွင် ပြည်ပအထည်ချုပ်လုပ်ငန်းရှင်အသင်း ဖြစ်သည့် Korean Garment Assciation in Myanmar (KOGAM), Hong  Kong  Myanmar  Manufacturers  Association  Limited   (HKMMA)  တို့မှလည်း ပြခန်းပါဝင်ပြသမည်ဖြစ်ကာ တရုတ်နိုင်ငံမှ အမှတ်တံဆိပ်ပေါင်း ၂၀ကျော်မှ အထည်အလိပ်၊ အဝတ်အထည်၊ ဖိနပ်၊ အိတ် ထုတ်လုပ်သူ ၁၀ဝ ကျော်နှင့်Made In Myanmar  ထုတ် ကုန်များဖြစ်သော အဝတ်အထည်၊ပြည်တွင်းထုတ် ဖိနပ်၊ အိတ်များ ကို ပြသမည်ဖြစ်သည်။  ပြည်တွင်း ှနြ လုပ်ငန်းများအား အရောင်း မြှင့်တင်ခြင်း၊ မိတ်ဆက်ခြင်းများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 
    ထို့ပြင် အာဆီယံနိုင်ငံများမှ  အထည်ချုပ်လုပ်ငန်းရှင်များ အသင်း (AFTEX) ၏ ကိုယ်စားလှယ်များမှလည်း အာဆီယံနိုင်ငံ များ၏  အထည်အလိပ်နှင့်  အဝတ်အထည်ကဏ္ဍတို့၏ ပူးပေါင်း ဆောင်ရွက်မှုများ၊Sustainable Development Sectorအဖြစ် တိုးမြှင့် ဆောင်ရွက်နိုင်ရန်များကို  ဆွေးနွေးပွဲများ၊  အာဆီယံနိုင်ငံများ၏ ချစ်ကြည်ရင်းနှီးဖလှယ်မှုများ၊  ရိုးရာဝတ်စုံများဖြင့်  ဝတ်ဆင်ကာ ပြသခြင်း၊Made In Myanmar  ထုတ်ကုန်များကိုပြသမည့် Fashion  Show? Business Matching? Garment related Industries  ကဏ္ဍများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။ 
    အဆိုပါပြပွဲကို တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ် လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ  ဆက်ဆံရေးများ၊ အလားအလာရှိသည့် စီးပွားရေး ဆိုင်ရာ  ပူးပေါင်း ဆောင်ရွက်မှုများ ရေရှည်ပြုလုပ်နိုင်ရန်နှင့် မြန်မာ နိုင်ငံ အထည်ချုပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။ 

 

ကိုတိုး