ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ၂၀၂၄ ခုနှစ် တစ်နှစ် တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုစုပေါင်း ၆၀ ခု ခွင့်ပြု ပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရ သည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁၂/၂၀၂ ၄) ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ သည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် စက်မှုကဏ္ဍတို့တွင် ရာခိုင်နှုန်း ပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုလုပ်ငန်း နှစ်ခုတို့ကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်း များမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP p စနစ်ဖြင့်Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၁၁၈၀ သန်းနှင့် အမေရိကန်ဒေါ်လာ ၂ဒသမ ၂၂၀ သန်းဖြစ်ပြီး လူဦးရေ ၂၄၄၀ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၃၃ ဘီလီယံကျော်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၃ ခု အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၃ သန်းကျော် ခွင့်ပြု ပေးခဲ့ကာ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် ၂၉၂၉၀ ဦး တို့အား ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုတိုး