Main menu

Background

အွန်လိုင်းမှတစ်ဆင့် ရောင်းချရာတွင် စားသုံးသူ နစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ

Tue, 03/04/2025 - 12:58 -- journal_editor

အွန်လိုင်းမှတစ်ဆင့် ရောင်းချရာတွင် စားသုံးသူ နစ်နာမှုမရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့သည်။ 
အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး အရာထမ်း၊ အမှုထမ်းများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသော စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။  စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးက အွန်လိုင်း မှတ်ပုံတင်ခြင်းနှင့် ပတ်သက် ၍ ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးက လုပ်ငန်းလိုင်စင်ဆိုင်ရာ သိကောင်းစရာများ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ ညွှန်ကြားရေးမှူးက ဥညူငညန ှ့သစ  ရောင်းချသူများ သိသင့်သိထိုက်သည်များ၊ ပြည်သူ့ကျန်းမာရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က အစားအသောက်နှင့်ပတ်သက်၍ သန့်ရှင်းမှု ရှိစေရေး သိကောင်းစရာများ၊ တိရစ္ဆာန်ဆေးကုနှင့်   ထုတ်လုပ်ရေးဌာနမှ ညွှန်ကြားရေးမှူးက လုပ်ငန်းရှင်များအတွက် ဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်  ပတ်သက်၍ သိကောင်းစရာများ ရှင်းလင်းပြောကြားခဲ့သည်။ 
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ  မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း၊ မြေပြင်စစ်ဆေးခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။              

မြသူ (DOCA-YGN)