Main menu

Background

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

Tue, 06/03/2025 - 10:27 -- journal_editor

ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များ အနေဖြင့် သတ် မှတ်ချက်များနှင့် ကိုက်ညီပါက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ လျှောက်ထား နိုင်ကြောင်း ဆီစက်လုပ်ငန်းများ  ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှ သိရသည်။
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုအဖွဲ့သည် ပြည်တွင်းရှိ ဆီစက်များသို့ အဆင့်မီစက် ပစ္စည်းများ တိုးချဲ့ တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံး ရင်းနှီးလည် ပတ်ငွေ  လိုအပ်ချက်များအတွက်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည် ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ရန်ပုံငွေမှ အတိုးနှုန်း သက်သာသော ချေးငွေများကို ထုတ်ချေးပေးလျက်ရှိသည်။
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို လျှောက်ထားလိုပါက လက်ရှိလုပ် ငန်း လည်ပတ်လုပ်ကိုင်နေသော ဆီစက်ဖြစ်ရမည်။ လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိ) ရှိရမည်ဟုလည်းကောင်း၊ ချေးငွေအတွက် အာမခံအဖြစ် အမည် ပေါက် ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် (ပုံစံ-၇) များကို ပေးအပ်နိုင်ရမည်ဟုလည်းကောင်း၊ နိုင်ငံပိုင် ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေ ရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေးချေး ငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက် ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ငီ်္ဗ လက်မှတ်ရရှိပြီးသူ၊ အသေးစား စက်မှုလုပ်ငန်း မှတ်ပုံတင် လက်မှတ်ရရှိပြီးသူနှင့် သက်ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန် သည်နှင့် ဆီစက်လုပ်ငန်းရှင်များ၊ အသင်းဝင်လုပ်ငန်းရှင်များအား ဦးစားပေးစဉ်း စားမည်ဖြစ်ကြောင်း သိရ သည်။
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအတွက် ချေးငွေဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များမှာ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (ျွှသမုငညါ ဃစေငအေူ) ချေးငွေ အနည်းဆုံး ကျပ်သိန်း ၁၀ဝ မှ အများဆုံး ကျပ်သိန်း ၅၀ဝ၀ အထိ၊ မတည်ရင်းနှီးငွေ (င်္ငထနိ ဃစေငအေူ) ချေးငွေအနည်းဆုံး ကျပ်သိန်း ၂၀ဝ မှ အများဆုံး ကျပ်သိန်း ၅၀ဝ၀ အထိ၊ ကျပ်သိန်း ၅၀ဝ၀အထက် ချေးငွေရယူလိုသော ဆီစက် လုပ်ငန်းရှင်များအနေ ဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေး မှူးရုံး၊  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)သို့ တိုက်ရိုက်ပေးပို့ လျှောက်ထား ရမည်ဖြစ်သည်။
ချေးငွေသက်တမ်းနှင့် ပြန်ဆပ်ကာလကိုလုပ်ငန်းသုံးလှည့် ပတ်ရင်းနှီးငွေနှင့် မတည်ရင်းနှီးငွေအတွက် ချေးငွေသက်တမ်းတစ်နှစ်၊ ချေးငွေသက်တမ်း သုံးနှစ် သုံးရစ်ဆပ်ဖြစ်ပြီး ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြစ်သည်။ ဆီစက် လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားရယူလိုသော ဆီစက်လုပ်ငန်းရှင်များ အနေဖြင့် ပြည်ထောင်စုနယ်မြေ /နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ဆီစက်ပိုင်ရှင်များ အသင်းရုံးများအားလုံး၊ ပြည်ထောင် စုနယ်မြေ/ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ဆီကုန် သည်နှင့် ဆီလုပ်ငန်း ရှင်များ အသင်းရုံးများ အားလုံး၊ ပြည်ထောင်စုနယ်မြေ/ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ရုံးခွဲများအားလုံး၊ ပြည်ထောင်စုနယ်မြေ/ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်နှင့်  မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်ခွဲများအားလုံး၊ ပြည်ထောင်စုနယ်မြေ/နေပြည်တော်၊ တိုင်းဒေသကြီး/ပြည် နယ်/ ခရိုင်နှင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံးတွင် လျှောက် ထားနိုင်ကြောင်း သိရသည်။

 

ကိုတိုး